Young ရဲ့ ကိုယ်သင်းရနံ့ကို မှတ်ဥာဏ်ထဲစွဲပြီလို့ထင်ရလောက်တဲ့အထိ သူမ ဖက်ထားလိုက်ပြီးမှ ခန္ဓာနှစ်ခုကိုခွာလိုက်လေသည်။ ကြမ်းပြင်ပေါ်က တုတ်ကောက်ကို လှမ်းကောက်လိုက်ရင်း Young ကိုပေးလိုက်သည်။ Young ရဲ့မျက်နှာအနေအထားက မှုန်တေတေနိုင်သည်။ မနှစ်မြို့နေမှုက အထင်းသားပဲ။
"တောင်းပန်ပါတယ် Young''
"အသနားခံနေတာလား Jennie
မင်းရဲ့မျက်ရည်တွေဝိုင်းနေတဲ့ခွေးပေါက်ကလေးလို အကြည့်နဲ့လေ။ ကိုယ်လိုချင်တာကို သူများသနားအောင် လုပ်ပြနေတာ ပြောပြနေတာက သူတောင်းစားတစ်ယောက်နဲ့ ဘာမှမကွာခြားဘူး''"အချစ်တစ်ခုကိုတောင်းခံနေတာ အဲ့လောက်အခြေအနေတောင် ဖြစ်နေပြီလား ၊ အဲ့ဒါဆို Jen က Young ကို အတင်းသိမ်းပိုက်ပြီး ဓားမြတစ်ယောက်လိုမျိုး လုယူနေရမလိုဖြစ်နေပြီပဲ''
"ဓားပြတွေက ပြင်ပရုပ်ဝတ္ထုတွေကိုပဲ အတင်းအဓမ္မယူလို့ရတာ''
"သိက္ခာ ၊ မာန ၊ အရှက်တရား ''
"လူတွေမှာ ရှိသင့်ကြောင်း ကြီးကြီးကျယ်ကျယ် ဂုဏ်ပုဒ်တပ်ထားတာတွေ ရွတ်နေတာလား''
"Jen တော့ အံ့သြတယ် Young ကို ၊ အချစ်မရှိပဲ ဘယ်လိုရှင်သန်နေထိုင်ခဲ့လဲဆိုတာ''
"Oops! တကယ်တော့ အောက်ဆီဂျင်က အချစ်ထက် ပိုလို့တောင်အရေးကြီးသေးတယ်။ မင်းရောဂါခံစားဖူးတဲ့အခါ သိမှာပေါ့''
"Young က သေချာပေါက် အချစ်နဲ့ ဓာတ်မတည့်တဲ့ရောဂါဖြစ်တာနေလိမ့်မယ်''
"Oh! Lisa ကို ပြောပြဦးမှပဲ ။ ခေတ်သစ်ဆေးပညာရဲ့ Allergen နေရာမှာ Love ဆိုပြီး စကားလုံးအသစ်ထပ်ထည့်ဖို့လိုအပ်ကြောင်း''
"နှစ်ဦးနှစ်ဖက် အကျိုးရှိစေမဲ့ နည်းလမ်းတစ်ခုရှိတယ် Young''
"ငါက မင်းကိုမချစ်တော့ မင်းဖက်ကလည်း အချစ်ကိုလက်လျှော့လိုက်မဲ့အရာလား''
"အဲ့ဒါရဲ့ဆန့်ကျင်ဘက်ဆိုရင်ရော''
"You betrayed me ~~ တန်..တန်...တန်
အခုတလော နာမည်ကြီးနေတာလေ မျက်ရည်ရွှဲလဲ နဲ့ videoတွေ တွေ့ရတယ်။ မင်းရဲ့ fiancé လည်း အဲ့ဒီသီချင်းကြီးဆိုနေရင် ဒုက္ခ''

YOU ARE READING
𝙊𝙪𝙧 𝙏𝙧𝙞𝙡𝙤𝙜𝙮
Fanfictionချစ်ခြင်းတစ်ခုရဲ့ အစနဲ့ အဆုံးထက် ချစ်နေတဲ့ ကာလကိုပဲ ပိုသဘောကျမိတယ်။ ပြဇာတ်တစ်ပုဒ်ရဲ့ Beginning , middle, end ကိုယ့်ရဲ့ ရွေးချယ်မှုက ဘာဖြစ်မယ်လို့ထင်လဲ။ [April/19/2022....... May/22/2022]