16

1K 161 5
                                    

တိုက်အောက်မှာ Jisoo ရဲ့ ကားလေး ရပ်သွားတာကို Jennie မြင်လိုက်ရသည်။ ကားပေါ်ကဆင်းလာတဲ့Jisoo က အပေါ်ကို လက်မိုးရင်း မော့ကြည့်လာတယ်။ Jennie ပြတင်းပေါက်နားကနေ လက်လှမ်းပြလိုက်သည်။ မကြာခင်မှာ Jisoo ရဲ့ ဗျစ်တောက်ဗျစ်တောက် ညည်းညူသံတွေနားဆင်ရတော့မည်။

"အားး မောတယ်''

ဟောဟဲ ဟောဟဲဆိုက်နေတဲ့ Jisoo ရဲ့မျက်နှာဟာ ရှုံ့တွနေသည်။

"နင် သက်လုံမကောင်းဘူး Jisoo''

"သက်လုံကောင်းနေရအောင် ငါက အားကစားသမားမဟုတ်ဘူး''

"ခဏနားပြီးရေသောက်လိုက်''

ပြတင်းပေါက်နားမှာ လေတဖြူးဖြူးတိုက်ခတ်နေသည်။ Jisoo က သူမဘေးနားကို လာရပ်ရင်း သူမနည်းတူ တိုက်အပြင်ဖက်ကို ရပ်ငေးနေသည်။ Jisooရဲ့ နားရွက်နားကို Jennie နှာခေါင်းနီးကပ်သွားတော့ Jisoo က သူမရဲ့ လက်မောင်းကို ဖြန်းကနဲရိုက်ချလိုက်သည်။

"အဲ့လို မလုပ်စမ်းပါနဲ့ ရုတ်တရက်ကြီး''

"အရင်ကလည်း လုပ်နေကျပဲကို အခုထိနေသားမကျဘူး''

"ဟုတ်တယ် နေသားမကျဘူး တကယ်ကြက်သီးထတယ်။ အဲ့လို အနံ့လိုက်ခံနေတဲ့အကျင့်ကလည်း ဘယ်အချိန်မှပျောက်မယ်မသိဘူး''

"ပျောက်တော့မှာပါ နောက်ဆို ငါက Young ရဲ့ နားရွက်ဖျားလေးနဲ့ပဲ ငါ့နှာ​ခေါင်းကိုထိတွေ့တော့မှာလေ''

"ဟိုက ရှူး..သွားစမ်း လို့ မောင်းမထုတ်ရင်ပဲ ကံကောင်းလှပြီ''

"ငါတစ်ခုပြောမယ်''

"မပြောနဲ့''

"ဇာတ်လမ်းတစ်ပုဒ်မှာ အဓိကဇာတ်ကောင်နှစ်ယောက်ညားဖို့ ဘာလုပ်ရမလဲ''

"မသိဘူး''

"ဟာ နင်ကလည်း ဖြေစမ်းပါဟ''

"နင်ကဘာတွေမေးနေတာလဲ''

"ကျစ်! ဒီတိုင်းပဲ ဖြေကြည့်ဟာ ''

"ဖန်တီးရမှာပေါ့ တစ်ယောက်နဲ့တစ်ယောက်မချစ်ချစ်အောင် ၊ အတားအဆီးတွေရှိရင် ဖယ်ရှားရှင်းလင်းလို့ရအောင် ၊ တစ်ဖက်ဖက်မှာ သက်ဆိုင်သူ ဇာတ်ပို့တစ်ယောက်ရှိနေရင် ဗီလိန်ဖြစ်အောင်လုပ်ပစ်မလား ဒါမှမဟုတ် အရမ်းကိုနားလည်ပေးပြီး သူ့ဘာသာပဲ နောက်ဆုတ်သွားအောင်လုပ်ပစ်မလား တစ်ခုခုကိုတော့ ဇာတ်လမ်းရေးသားသူက ဖန်တီးရမှာပဲ''

𝙊𝙪𝙧 𝙏𝙧𝙞𝙡𝙤𝙜𝙮Wo Geschichten leben. Entdecke jetzt