9

1K 164 6
                                    

Jisoo ဆီသွားမယ်ပြောခဲ့သော်လည်း တကယ်တမ်းရောက်လာသည်က တစ်နေရာ။ ခြံထဲမှာ ပန်းချီထိုင်ဆွဲနေသည့် သူက Jennie ရောက်လာတာကိုပင် သတိမထားမိ။

"အဟမ်း! "

Jennie အသံပေးလိုက်လည်း သူက မကြားသေး။သူ့ရဲ့ ပန်းချီမှာ စျာန်ဝင်စားနေသည့်ပုံ။ Jennie ဖုန်းကို ထုတ်ကာ သူ့ပုံကို ဓာတ်ပုံ ရိုက်ထားလိုက်သည်။

"Young''

လှည့်ကြည့်လာတဲ့ မျက်မှန်အောက်က မျက်ဝန်းတွေက သူမကိုမြင်လိုက်ရလို့လည်း ထူးပြီးအံ့သြပုံမရ။ ထိုင်နေရာကနေ လေးတွဲ့တွဲ့ ထလာရင်း ခြံတံခါးလာဖွင့်ပေးလေသည်။

"အစောကြီး ဘာလာလုပ်တာလဲ ''

"Young ကို လာတွေ့တာ''

သူက သူ့ထိုင်ခုံမှာပြန်ထိုင်ရင်း ဆွဲလက်စ ပန်းချီကို သိမ်းလိုက်လေသည်။

"Ylang Ylang က Doctor နဲ့ ကြုံကြိုက်တဲ့အခါမှပဲ ထည့်လာတော့မယ်''

"မင်း ဒီကို ဘာနဲ့လာတာလဲ''

"Bus နဲ့ တဆင့်လာတယ် ဒီဖက်ကိုတော့ နောက်တစ်ခေါက် ကားထပ်ငှားလာတာပေါ့''

"မနက်စာရော''

"မစားရသေးဘူး''

တကယ်တော့ Jennie စားပြီးပြီဆိုပေမဲ့ သူဘယ်လိုတုံ့ပြန်မလဲဆိုတာ သိချင်သောကြောင့် လိမ်လိုက်လေသည်။

"Sandwich လုပ်တတ်လား''

"လုပ်တတ်တယ်''

"ငါလည်း မစားရသေးဘူး ''

သူဘာကိုဆိုလိုချင်လဲ ဆိုတာ Jennie နားလည်လိုက်သည်။

"Jen က လုပ်ပေးရမှာလား''

"မင်း မစားရသေးဘူးဆို''

"ဟွန့် လုပ်ခိုင်းစေချင်တာများ သိသာတယ် ''

မိမိမှာ နှစ်ကြော့ပြန်စားလိုက်ရသောကြောင့် ဗိုက်က အတော်လေး လေးပင်နေလေပြီ။

သူ့ရဲ့စာရေးစားပွဲ ပေါ်မှာ ကြွေထည်နဲ့လုပ်ထားတဲ့ ရနံ့ကုထုံးတွေမှာ အသုံးပြုသော Diffuser လေးကိုတင်လိုက်ကာ ဥယျာဥ်စိုက်ပန်းပင်တမျိုးဖြစ်တဲ့ ကြွေပန်းကနေ ထုတ်ယူထားတဲ့ ရနံ့ဆီကို ထည့်လိုက်လေသည်။

𝙊𝙪𝙧 𝙏𝙧𝙞𝙡𝙤𝙜𝙮Where stories live. Discover now