20

1.1K 163 13
                                    

ငှက်ကလေးတွေရဲ့နံနက်ခင်းတေးသီသံကိုကြားရချိန်မှာတော့ Jennie နိုးလာခဲ့ပြီဖြစ်သည်။ Young ကတော့ အိပ်မောကျနေဆဲပါပဲ။ Young တော့ နိုးလာရင် လက်မောင်းတွေကျဥ်နေတော့မယ်။ သူ့ရဲ့မေးဖျားကို နမ်းလိုက်တော့ Young က နိုးလာလေသည်။

"Jenကြောင့် နိုးသွားတာလား''

"ငါက အအိပ်ဆတ်တယ်။
အ...ငါ့လက်''

Jennie Young ရဲ့ လက်မောင်းကိုနှိပ်နယ်ပေးလိုက်လေသည်။

"ညတုန်းက လက်မောင်းမရှိပါဘူး''

"ဘယ်လိုလုပ်ရှိမှာလဲ အိပ်ရတာ ခေါင်းက တစ်သမတ်တစ်တန်းတည်းဖြစ်နေမှာဆိုးလို့ လက်မောင်းကို ခေါင်းအုံးထားခိုင်းလိုက်တာ ရုပ်ရှင်တွေက တကယ့်ဂျင်းပဲ။ တစ်ညလုံး လက်မောင်းပေါ် ခေါင်းတင်ထားတာကို မနက်ကျ ဘာမှမဖြစ်တဲ့အတိုင်းနိုးထလာတာလေ''

Young ဟာ Young ပါပဲ
Young နဲ့ ရိုမန်တစ်ဆန်မှုဟာ ဘယ်တော့မှ ဆက်စပ်လို့ရမည်မထင်ပေ။

Young နဲ့အတူတူ နံနက်စာစားပြီးနောက် Jisoo ရဲ့ကားကို ပြန်သွားပို့ပေးကာ မိမိငှားထားတဲ့တိုက်ခန်းကို ပြန်လာလိုက်လေသည်။ တိုက်ခန်းအောက်မှာ ရပ်ထားတဲ့ကားကြောင့် Jennie ရင်ထဲ ထိတ်ကနဲ ဖြစ်သွားလေသည်။

ဖေဖေ့ကားပဲ။ ကားထဲမှ ဖေဖေဟာ Jennie ကို မြင်တော့ ကားပေါ်ကနေဆင်းလာတယ်။

"နံနက် စောစောကတည်းကရောက်နေတာ Jennie
ဘယ်အချိန်များ တိုက်အောက်ကိုဆင်းလာမလဲဆိုတာစောင့်နေတာပဲ။ ကြည့်ရတာ ညက ဒီမှာတောင်ရှိမဲ့ပုံမပေါ်ပဲ အခုမှ ပြန်လာပုံဖြစ်ရမယ်''

"ဖေဖေက ဘယ်လိုသိပြီးရောက်လာတာလဲ''

"ကိုယ့်သားသမီး တစ်ယောက်လုံးကို ပစ်စလက်ခတ်ပစ်ထားတဲ့အဖေထဲမှာ ငါတော့မပါသေးဘူး Jennie
သွား လိုအပ်တာသွားယူပြီး တစ်ခါတည်းပြန်လိုက်ခဲ့''

"မလိုက်ဘူး ဖေဖေ။ ပြောတော့ ဒီနေ့ သတင်းစာထဲမှာ သမီးအဖြစ်ကနေ စွန့်မယ်ဆို''

"ဒီလောက်ထိ အရှက်ခွဲပြီးရင် တော်ရောပေါ့ Jennie
လက်ထပ်ခါနီးမှ ရုတ်တရက်ကြီး ပွဲဖျက်လိုက်တာ ၊ အဲ့ဒါထက်ဆိုးတာက မိန်းမတစ်ယောက်ကြောင့် ဒီလိုဖြစ်နေတာကိုက အဆိုးရွားဆုံးပဲ။ နင်လည်းနင့်အမေခြေရာကို နင်းတာပါပဲလား''

𝙊𝙪𝙧 𝙏𝙧𝙞𝙡𝙤𝙜𝙮Donde viven las historias. Descúbrelo ahora