15

1.1K 160 5
                                    

မနေ့ညကတည်းက Jisoo Jennie ထံဖုန်းခေါ်ဆိုခဲ့ပေမဲ့ သူကဖုန်းမကိုင်ခဲ့။ သူ့ရဲ့မျိုးစိပ်ဖြစ်သူအဒေါ်ကြီး အတွက် Jisoo ရဲ့ ခြံထဲကနေ သူယူသွားသည့် ပန်းအိုးတွေကမနည်းလှ။ အဲ့ဒါတွေရဲ့တန်ဖိုးကို သူကအခုထိမပေးချေသေး။ တကယ်တော့လည်း ဒါက သတ်မှတ်ချက်တစ်ခုပါ။ သူငယ်ချင်းဖြစ်သူ အဆင်မှပြေရဲ့လား လာကြည့်ရုံပင်။

ခြံထဲက ပန်းခြံအသေးစားနားမှာ ယောဂဖျာကိုခင်းရင်း ယောဂကျင့်နေသော Jennie Kim ၊ ပူပင်သောကတွေရဲ့ အဝေးကိုရောက်နေသကဲ့သို့။ မိမိကသာ စိုးရိမ်ပူပန်လိုက်ရတာ သူကတော့ အေးအေးလူလူပင်။ သူ့အနားကိုသွားရင်း ဆောင့်ကြောင့်ထိုင်လိုက်ကာ ဆူပုတ်ပုတ်နှင့်ကြည့်နေလိုက်တော့

"စောစောစီးစီး မုန်လာဥမစားရတဲ့ ယုန်ပေါက်လိုပဲ ဘာဖြစ်လာတာလဲ''

"သြော် သြော် ငါကနင့်ကိုမေးရမှာလေ
ဘာဖြစ်လို့ ဖုန်းမကိုင်တာလဲ မနေ့ညကတည်းက ခေါ်နေတာ''

"ဖုန်းတောင်မကြည့်ဖြစ်သေးပါဘူးဟာ ဟိုရက်တွေက ဖေဖေ့ဆေးရုံကိစ္စနဲ့ အလုပ်ရှုပ်နေသလို ၊ မနေ့ကလည်း လုပ်စရာရှိတာလုပ်နေရလို့ နောက်ကျမှပြန်ရောက်ဖြစ်တယ်''

Jennie ရဲ့ နားသယ်စပ်နားမှာချွေးစက်တွေက ခိုတွဲနေသည်။ ဘာမှလိမ်း​ခြယ်ထားခြင်းမရှိပဲ မျက်နှာပြောင်နဲ့ Jennie ရဲ့ အလှတရားဟာ တကယ်ပဲ နှစ်လိုဖွယ်ကောင်းသည်။မိန်းကလေးအချင်းချင်းကို တောင် ညှို့ပစ်နိုင်စွမ်းရှိတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ Jennie ပဲ။ ဟိုအဒေါ်ကြီးကို သူဘာကြောင့်များကြိုက်ရလဲ Jisoo လည်းလုံးဝမစဥ်းစားတတ်တော့။ တုတ်ကောက်တစ်ချောင်းကို အားပြုရင်းထောာ့နဲ့ထော့နဲ့ လမ်းလျှောက်နေတဲ့ သူ့ပုံစံကို ပြန်မြင်ယောင်မိရင်း Jisoo ခေါင်းခါလိုက်သည်။

"ငါ့ကိုကြည့်ပြီးတော့ ဘာတွေများခေါင်းခါနေတာလဲ''

"ဘာမှမဟုတ်ဘူး ဦးလေးဆေးရုံကိစ္စဆိုတာ ဘာလဲ''

"ဖေဖေမူးလဲလို့လေ''

"ဟယ် အခုရော သက်သာပြီလား ငါ့ကိုဖုန်း​တောင်ခေါ်ဖော်မရဘူး''

"ငါမအားလို့လို့ ပြောပြီးပြီကို ဒီညနေဆေးရုံဆင်းမှာ''

"တော်သေးတာပေါ့''

𝙊𝙪𝙧 𝙏𝙧𝙞𝙡𝙤𝙜𝙮Where stories live. Discover now