21

1K 156 13
                                    

"အခုတော့ အစ်မတစ်ယောက်လိုအပ်သွားပြီပေါ့''

Alice က မျက်မှန်တွေကို တစ်လက်ပြီးတစ်လက် ကောက်တပ်ကြည့်နေသည်။ သူလည်း မျက်မှန်တစ်လက်တော့လိုအပ်နေပြီ။ ChaeYoung ကတော့ လောလောဆယ် Laser ကိုအသုံးပြုပြီး မျက်မှန်လွတ်အခြေအနေကိုလုပ်ဖို့ အချိန်မရတော့။ မျက်လုံးပါဝါနဲ့ ကိုက်ညီတဲ့ မျက်ကပ်မှန်ကို ရွေးချယ်နေရလေသည်။

"Alice အပြာရောင်လား ၊ အစိမ်းရောင်လား''

"နင့်မျက်လုံးက အပြာရောင်နဲ့လိုက်တယ်။ ဒါနဲ့ နေစမ်းပါဦး ဘာတွေအရူးထတာလဲ''

"Jennie မိဘတွေနဲ့ လေသွားပစ်ရမှာ''

"ဘယ်လို''

"အင်း သူ့အဖေက ငါနဲ့စကားပြောချင်တယ်တဲ့''

"အဆင်ပြေပါ့မလား အဲ့လူအကြောင်းငါသိတယ်။
မသွားနဲ့ဟာ''

"ဘာလို့လဲ''

"ငါ့တုန်းကလည်း သေချင်လောက်တဲ့စကားတွေကို သွတ်သွင်းခဲ့လို့''

"ငါကနင်မဟုတ်ဘူး Alice ''

"အင်း ဒါပေမဲ့ နင်ကြိုက်နေတာက သူ့သမီးလေ ငါနဲ့မှ အခြေအနေချင်းမတူတာ''

"ငါအဆင်ပြေအောင်ကြိုးစားမှာပါ
ကိုယ်ချစ်တဲ့လူအတွက် အဆင်ပြေတဲ့ဘဝကိုပေးချင်ကြတာပဲ။ အဲ့တော့ ပြောင်းလဲပစ်ရမယ်မလား ငါ့ပုံစံတွေကို။အင်း... ငါ.... အဆင်ပြေမှာ''

"ဘယ်မှာ တွေ့ကြမှာလဲ''

"သူတို့ရဲ့ မုန့်တိုက်မှာ''

"သြော်...သူ့အဖေနဲ့ပဲလား''

"ဟုတ်တယ် Jennie ကလည်း ငါ့ကိုသေချာမှာတယ်။ ငါ့ကိုစိတ်ထိခိုက်စရာစကားတွေပဲ ပြောမှာမို့လို့တဲ့''

"ဘိုးတော် အကျင့်ပေါ့''

"ငါ့ကိုသာ နင့်ညီမမှန်းသိသွားရင် ပိုဆိုးမယ်ထင်တယ်''

Aliceက ပုခုံးသာပင့်ပြတော့တယ်။
အင်းလေ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းရမှာက ChaeYoung ကိုယ်တိုင်ပဲမလား။ သူကရော ဘာတတ်နိုင်မှာမို့လို့လဲ။

ဆိုင်ရှေ့မှာ Jennie က ChaeYoung ကို ထွက်ကြိုနေတယ်။ အံ့သြရိပ်စွန်းထင်းနေမှန်းသိသာသော Jennie ကြောင့် ChaeYoung တစ်ယောက်နေရခက်နေလေသည်။ မျက်မှန်လည်းမရှိတော့ ဆံပင်တွေကိုလည်း ပုံစံသွင်းထားတယ်လေ။ သူမ အရမ်းပိန်တာကို မသိသာစေမဲ့ ဝတ်စားဆင်ယင်မှုကိုလည်း Alice က ဆင်ပေးလိုက်သေးတယ်။ လမ်းလျှောက်ပုံနဲ့ တုတ်ကောက်ကတော့ ဘယ်လိုမှ ပြုပြင်လို့မရတာမို့ ထိုအကြောင်းတွေးမိပြန်တော့ ChaeYoung အားအင်တွေယုတ်လျော့နေပြန်သည်။

𝙊𝙪𝙧 𝙏𝙧𝙞𝙡𝙤𝙜𝙮Where stories live. Discover now