အစတုန်းကတော့ဒီအတိုင်းပစ်ထားလိုက်မယ်လို့စဉ်းစားထားပေမယ့်သူမနေနိုင်ပါဘူး
ထိုကောင်လေးရဲ့ကိုယ်ထဲကသူ့အရည်တွေကိုနှုတ်ထုတ်ပြီးသန့်ရှင်းပေးလိုက်တယ်
တစ်ကိုယ်လုံးတော့သန့်ရှင်းရေးလုပ်ပေးခဲ့ခြင်းမျိုးမဟုတ်ပေသူဒီကိုရောက်လာတာကောင်လေးနဲ့လက်ထပ်ဖို့လည်းမဟုတ်သလိုကောင်လေးနဲ့အတူနေဖို့လည်းမဟုတ်ခဲ့ပါဘူး
အဖွဲ့အစည်းရဲ့ တောအုပ်ထဲကနှလုံးသားကိုရအောင်ရှာပြီးဖျက်ဆီးလိုက်ပါ ဆိုတဲ့ညွှန်ကြားချက်အရ ရောက်လာခဲ့ခြင်းသာ*တောအုပ်ထဲကနှလုံးသားကဘယ်အရာလဲ
ပြီးတော့ဒီကောင်လေးက vampireဖြစ်တာဘယ်လောက်ကြာပြီလဲ
အရမ်းကြီးဆိုးသွမ်းနေတာမျိုးမဟုတ်ဘဲဘာလို့ငါ့ကိုသတ်ဖို့စေလွှတ်ရတာလဲ
ဒီကောင်လေးကရောအသက်ဘယ်လောက်ဖြစ်နေပြီလဲ*သူ့ဆီမှာမေးခွန်းပေါင်းမြောက်မြားစွာရှိနေသည့်တိုင်ထွက်လာသည့်အဖြေကတစ်မျိုးတည်းသာ
ကောင်လေးကပျော့ညံ့ပေမဲ့သန်မာယောင်ဆောင်နေတဲ့vampireတစ်ကောင်ဆိုတာပါဘဲ
ပြီးတော့သူ့မျက်ဝန်းတွေကတစ်စုံတစ်ရာကိုဖုံးကွယ်ထားတယ်
မနေ့ညမှာရှောင်းကျန့်မြင်လိုက်ရတာက
နီမြန်းပြီးသွေးအေးတဲ့မျက်ဝန်းတွေရဲ့နောက်ကွယ်မှာပူဆွေးပြီးအထီးကျန်ဆန်တဲ့ပုံရိပ်တွေအပြင်တစ်စုံတစ်ရာကိုသူတောင်းတနေမိတယ်ဆိုတာတောအုပ်ရဲ့နှလုံးသားကဘယ်အရာလဲဆိုတာသူမသိတဲ့အတွက်ဒီ vampireကိုသူသတ်ပစ်လို့မရနိုင်သေး
သူ့ဖိနပ်ထဲမှာထည့်ဝှက်လာတဲ့ဓားမြောင်အသေးလေးကအဆင်သင့်ရှိတာမို့ရန်ပြုခဲ့သည်ရှိသော်သူသတ်ပစ်ဖို့ဝန်လေးနေမှာတော့မဟုတ်ခဲ့ဘူး
လောလောဆယ်ကုတင်ပေါ်ကိုကြည့်လိုက်တော့အိပ်နေသူကဖြူဖက်ဖြူရော်
လူမဟုတ်တာမို့အသားအရည်တြွေဖူဖက်ဖြူရော်ဖြစ်နေလည်းစိုးရိမ်စရာတော့မရှိလောက်ပါဘူး
သူ့အပေါ်coatကိုခြုံပေးခဲ့ပြီးသူကတော့ရဲတိုက်အပြင်ကိုထွက်ကာတောအုပ်နဲ့ဝေးရာမှာရှိတဲ့မြို့တစ်မြို့ဆီအကြောင်းအရာတစ်ခုခုကြောင့်သုတ်ခြေတင်ထွက်သွားလေသည်"မင်းရဲ့ကိစ္စပီးပြီလား...."
"ငါမနေ့ညရဲတိုက်ထဲကိုရောက်ပြီးပြီ....ခုချက်ချင်းစုံစမ်းလိုက်မယ်ဆိုငါ့ကိုသံသယဝင်သွားမှာပေါ့
အချိန်အတိုင်းအတာတစ်ခုထိစောင့်နေပေး"
BẠN ĐANG ĐỌC
𝘽𝙧𝙞𝙙𝙚𝙜𝙧𝙤𝙤𝙢 𝑜𝑓 𝑡ℎ𝑒 𝐅𝐮𝐥𝐥 𝐌𝐨𝐨𝐧
Fanfictionကျုပ်နှလုံးသားတွေကနက်မှောင်ပြီးညို့အားကောင်းတဲ့အနီရောင်နှင်းဆီပန်းတွေနဲ့တူတယ် အခုနှင်းဆီပန်းတွေကခင်ဗျားလက်ထဲရောက်တိုင်းငြိုးနွမ်းကုန်တယ်ဆိုတော့ ကျုပ်နှလုံးသားကလည်းခင်ဗျားလက်ထဲမှာ~~~