သူမျက်လုံးဖွင့်ကြည့်တော့ရဲတိုက်ကမျက်နှာကျက်ကိုမြင်ရတယ်
ရဲတိုက်ထဲပြန်ရောက်နေခဲ့တာလား
ဘေးဘက်ကိုခေါင်းစောင်းကြည့်လိုက်တော့ရှောင်းကျန့်ကသူ့ကိုမျက်တောင်မခတ်တမ်းထိုင်ကြည့်နေဆဲ
ရှောင်းကျန့်ရဲ့အတွင်းစိတ်ဘာဖြစ်နေမယ်ဆိုတာမျက်နှာကတောင်သူဖတ်လို့မရခဲ့ပါဘူး
"ကျန့်....ကျန့်....ကျန့်ငါ့ဘေးနားရောက်နေတယ်"
ကပြာကယာအိပ်ရာကကုန်းထပြီးရှောင်းကျန့်ကိုဖက်လိုက်သည့်တိုင်ရှောင်းကျန့်ကသူ့ခါးလေးပေါ်လက်တင်ပြီးပြန်ဖက်မပေးခဲ့ပါဘူး
"ငါတို့ပြတ်ဆဲရအောင်....တစ်ခါမှမသိခဲ့တဲ့လူတွေလိုမျိုးနေသွားရအောင်"
"မရဘူး.....မလုပ်နိုင်ဘူး
မင်းမြို့ငယ်လေးကိုခဏခဏသွားချင်လား
ငါမတားတော့ဘူးလေနော်
မင်းအသီးအနှံတွေစားချင်လား
ခုချက်ချင်းငါသွားခူးပေးမယ်လေ
အသားငါးတွေစားချင်တာလား
ငါသွားဖမ်းပေးမယ်....အင့်"
အကောင်တွေဖမ်းပေးမယ်ပြောပြီးကုတင်ပေါ်ဆင်းသွားတဲ့လူကသူ့ခြေထောက်မှာဒဏ်ရာရထားတာကိုသတိထားမိပုံမပေါ်တာလား
စိတ်နဲ့လူနဲ့မကပ်ဘဲလွတ်နေခဲ့တာလား
နာကျင်မှုကိုမခံစားရတာလား
ကုတင်အောက်ကိုချလိုက်ပြီးလမ်းလျှောက်ဖို့ပြင်တဲ့ခြေထောက်တွေကခွေယိုင်ပြီးဖင်ထိုင်လျက်ကျသွားသည့်တိုင်....ထိုခြေထောက်တွေကိုတရွတ်ဆွဲသွားပြီး
ရှောင်းကျန့်စားဖို့အတွက်တစ်ခုခုသွားယူပေးဖို့ကြံရွယ်နေဆဲ
ရှောင်းကျန့်ကောက်ပွေ့လိုက်ကာကုတင်ပေါ်ပြန်တင်ပေးပြီး
"တော်လိုက်တော့!!!!!....မင်းကဒီလောက်တောင်ပျော့ညံ့ရတာလား
ငါကမင်းအတွက်ဘယ်လောက်တောင်အရေးပါနေလို့
မင်းကငါ့အတွက်ကြောင့်ကိုယ့်ကိုကိုယ်တောင်ဂရုမစိုက်နိုင်ရတာလဲ"
ရိပေါ်ဘာမှမပြောသေး
ရှောင်းကျန့်မျက်နှာကိုတစိမ့်စိမ့်စိုက်ကြည့်ကာလည်ပင်းကနေသိုင်းဖက်လိုက်ပြီး
"ကျန့်ကိုသိပ်ချစ်လွန်းလို့ပါ
ငါစိတ်ကူးထားတာတောအုပ်ရဲ့နှလုံးသားတစ်စုံကိုဖွင့်ပြရင်းကျန့်ကိုလက်ထပ်ခွင့်တောင်းမယ်
ပြီးရင်ကျန့်နဲ့အတူတောအုပ်ထဲမှာသေသေချာချာလက်ထပ်မယ်
အတူတူနေသွားကြမယ်"
VOCÊ ESTÁ LENDO
𝘽𝙧𝙞𝙙𝙚𝙜𝙧𝙤𝙤𝙢 𝑜𝑓 𝑡ℎ𝑒 𝐅𝐮𝐥𝐥 𝐌𝐨𝐨𝐧
Fanficကျုပ်နှလုံးသားတွေကနက်မှောင်ပြီးညို့အားကောင်းတဲ့အနီရောင်နှင်းဆီပန်းတွေနဲ့တူတယ် အခုနှင်းဆီပန်းတွေကခင်ဗျားလက်ထဲရောက်တိုင်းငြိုးနွမ်းကုန်တယ်ဆိုတော့ ကျုပ်နှလုံးသားကလည်းခင်ဗျားလက်ထဲမှာ~~~
