ငါတို့အတူတူပန်းရောင်းလို့ရတယ်လေ

652 78 3
                                    

"ခင်ဗျားကဘယ်သူလဲ"

"ဟမ်"

"ခင်ဗျားဘယ်သူလဲ....ဘာလို့ကျွန်တော့်အိမ်ရောက်နေရတာလဲ"

"အရူးလေး...ကိုယ့်ကိုမနောက်နဲ့
မင်းရောက်နေတာ မြို့ဈေးထဲမှာရှိတဲ့ဆေးဆိုင်တစ်ဆိုင်လေ
ဘယ်လိုလုပ်မင်းအိမ်ဖြစ်နိုင်မှာတုန်း"

"ဒါငါ့အိမ်ပါဆို....ပြီးတော့မင်းကဘယ်သူလဲ"

"အရူးလေး....ဘာဖြစ်နေတာလဲ...သူ့ကိုကုပေးဦး!!!!"

မျက်စိရှေ့မှာရှိနေတဲ့ဆေးဆရာကိုပြောတော့ဆေးဆရာကပြာပြာသလဲပင်
လက်ကောက်ဝတ်ကိုလက်နဲ့ဖိစမ်းပြီးမျက်နှာပျက်လျက်

"သူ့ခန္ဓာကိုယ်ထဲကအရာရာက
ကမောက်ကမဖြစ်နေတယ်....ဘာရောဂါလဲငါအမည်မဖော်နိုင်သလို
စမ်းလည်းမစမ်းသပ်နိုင်ဘူး"

"ဘယ်လိုဖြစ်နိုင်မှာလဲ"

"အခုဖြစ်နေခဲ့တာလေ"

သူတို့နှစ်ယောက်ကအံ့ဩစွာငြင်းခုန်နေဆဲ

"နားငြီးတယ်....အကုန်ထွက်သွားကြ
ငါ့အိမ်မှာဘဲငါနေမယ်....သွားသွား"

"အရူးလေး....မင်းကိုယ့်ကိုတစ်ကယ်မမှတ်မိဘူးလား
ကိုယ်လေ"

"မသိဘူး....သွား"

သူများအိမ်ပေါ်တက်ပြီးအိမ်ရှင်ကိုနှင်ချနေတာအနည်းငယ်တော့ရှက်စရာပင်

*အရမ်းတွေအဖျားတက်သတိလစ်ပြီးခဏတာအတိတ်မေ့သွားခြင်းမျိုးလား*

"အရူးလေး....ကျန့်ကိုသိလား"

"မသိဘူး....ငါတစ်ယောက်တည်းနေချင်တယ်
သွားကြ"

"သွားမယ်....သွားမယ်
ကိုယ်မင်းအိမ်ကိုလိုက်ပို့မယ်...ဒါတော့မင်းအိမ်မဟုတ်ဘူး"

"မင်းကငါ့အိမ်ကိုသိလား
အာ....သိမှာပေါ့
မေ့နေတာ...မေ့နေတာ...မင်းကငါ့ယောက်ျားလေနော်
ဟုတ်တယ်မလား
လာလာ...အိမ်ပြန်မယ်"

"နေပါဦး"

ဆေးဆရာကိုကျသင့်တဲ့အဖိုးအခရှင်းပြီးသူတို့ဆေးကုခန်းမှထွက်ခဲ့ကြလေသည်

"ငါတို့အိမ်ကဘယ်မှာလဲ"

"ရောက်တော့မှာပါ....အရူးလေးရဲ့"

𝘽𝙧𝙞𝙙𝙚𝙜𝙧𝙤𝙤𝙢 𝑜𝑓 𝑡ℎ𝑒 𝐅𝐮𝐥𝐥 𝐌𝐨𝐨𝐧Место, где живут истории. Откройте их для себя