"ကျွန်တော်တို့နန်းဆောင်ကပြန်ခွင့်ရှိပါသလား"
"ဒီလိုကြီးကျယ်တဲ့နန်းဆောင်ထဲမှာခုနှစ်ရက်လောက်နေပါဦးလား
ဧကရီကနေရာစုံလိုက်ပြပေးမယ့်အပြင်
ဧကရီ့ရဲ့ဥယျာဉ်တော်ကိုလည်းပြင်ဆင်ပေးဖို့ကူညီပါဦးလား
တန်ရာတန်ကြေးပေးမှာပေါ့"
"ဥယျာဉ်တော်ပြင်ဆင်ဖို့က"
"မငြင်းပါနဲ့....ဒီလူငယ်လေးကအကုန်လုံးတတ်ကျွမ်းတာဧကရီကသိပြီးသားပါ
အကူအညီတောင်းတာ
ဧကရီကအမိန့်ပေးစေခိုင်းတာမျိုးမဟုတ်လို့မငြင်းပါနဲ့"
ပြောင်းပြန်တွေပြောနေသောဧကရီ
ရိပေါ်ကိုတစ်ချက်ပြန်ကြည့်လိုက်တော့သူ့အနားမှာကျုံ့ကျုံ့လေးထိုင်နေလျက်
"ဥယျာဉ်တော်ပြင်ဆင်ပြီးရင်တော့ထွက်သွားခွင့်ပေးပါ
လက်တွဲဖော်ကနေရာသစ်ကိုသိပ်သဘောမကျတာမို့
ဧကရီအပြစ်မယူပါနဲ့"
"ဟားဟား....ကောင်းပြီ
ထွက်သွားချင်မှတော့လည်းဧကရီကတားဝံ့ပါ့မလား"
လက်ဖြူဖြူလေးကသူ့အင်္ကျီအနားစကိုအသာလေး
လာဆွဲပြီး
"ကျန့်....ငါတစ်ကိုယ်လုံး"
"အရူးလေး!!!!"
"သူတို့ကိုတည်းခိုအနားယူဖို့အဆောင်လိုက်ပြလိုက်"
"ဟုတ်ကဲ့ပါ"
"သမားတော်....."
"ရပါတယ်....သမားတော်မလိုပါဘူး"
ရိပေါ်ကိုပွေ့ပိုက်လျက်သားနဲ့ရှောင်းကျန့်ဧကရီနန်းဆောင်ဆီကပြန်ထွက်လာခဲ့လေသည်
"ချက်ချင်းကြီးဘာဖြစ်ရတာလဲကွာ"
"ဟင့်အင်း...ဘာမှမပြောချင်ဘူး"
စကားတစ်လုံးချင်းတောင်မနည်းအားယူပြီးပြောနေရတာမို့အခြေအနေတွေကမဟန်
ပွေ့ပိုက်ခြင်းခံရတဲ့သူကရင်ခွင်ထဲမှာဖြူလျော့စွာပျော့တိပျော့ဖက်နဲ့မျက်လုံးများကိုဖွင့်မနေခဲ့
နန်းဆောင်ရောက်လို့ကုတင်ပေါ်တင်ပေးပြီးစောင်လေးအသာခြုံပေးထားလိုက်ပြီး
"ကျွန်တော့်ကိုအားရှိစေမယ့်
အစားအစာတစ်ချို့နဲ့အားဆေးတစ်ချို့ပြင်ဆင်ပေးပါလား"
ВЫ ЧИТАЕТЕ
𝘽𝙧𝙞𝙙𝙚𝙜𝙧𝙤𝙤𝙢 𝑜𝑓 𝑡ℎ𝑒 𝐅𝐮𝐥𝐥 𝐌𝐨𝐨𝐧
Фанфикшнကျုပ်နှလုံးသားတွေကနက်မှောင်ပြီးညို့အားကောင်းတဲ့အနီရောင်နှင်းဆီပန်းတွေနဲ့တူတယ် အခုနှင်းဆီပန်းတွေကခင်ဗျားလက်ထဲရောက်တိုင်းငြိုးနွမ်းကုန်တယ်ဆိုတော့ ကျုပ်နှလုံးသားကလည်းခင်ဗျားလက်ထဲမှာ~~~
