မငိုနဲ့....အရူးလေး

754 79 7
                                    

*သူ့ရုပ်ကဘာလို့အရင်အတိုင်းဖြစ်နေရတာလဲ
သူကvampireတစ်ကောင်မဟုတ်ခဲ့ဘူးဆိုရင်တောင်ဒီလောက်အသက်ရှည်ပြီးနုပျိုနေစရာအကြောင်းမရှိဘူး
ပြီးတော့ဘာလို့ကိုယ့်မြေးအရင်းကိုသတ်ချင်ရတာလဲ
နေပါဦး!!!!*

သူတစ်ခန်းလုံးနှံ့အောင်လိုက်ရှာလိုက်သည်
တကယ်ကိုမထင်မှတ်ရလောက်အောင်ပါဘဲ....အံ့အားသင့်ခဲ့ရတယ်
ချုပ်ကိုင်သူကအရမ်းနာကျင်ရတဲ့အောက်တန်းစားလမ်းစဉ်တွေကိုသုံးပြီးသူ့ကိုယ်သူပြောင်းလဲခဲ့တာဘဲ
အဲ့လိုပြောင်းလဲခဲ့တာတွေကသူ့ရဲ့တစ်ဦးတည်းသောသွေးသားအရင်းကိုသတ်ဖို့....ပြီးတော့
ပြီးတော့
အားလုံးပြီးသွားတဲ့အချိန်မှာသူသိလိုက်ရတာ
ဒီလူကသူ့ကိုအသုံးချပြီးရေခဲတုံးလေးကိုသတ်ဖို့ကြိုးစားခဲ့တာဘဲ
ဝမ်းနည်းသွားတယ်....စိတ်ထဲမှာဗလာသက်သက်ကြီးဖြစ်နေသလိုခံစားရတယ်

*ဘာလို့....ဘာလို့
ဒီလိုအေးစက်ပြီးသနားစရာကောင်းတဲ့သူကအဖြစ်ဆိုးတွေနဲဲ့ကြုံရတာလဲ
သူကအလိုဆန္ဒနည်းသူလေးပါ
ဘာမှမက်မောတောင့်တလိုစိတ်အများကြီးမရှိတဲ့သူ
ဒီဘဝမှာသူနဲ့အတူနေချင်ရုံဆန္ဒလေးတစ်ခုဘဲရှိတဲ့သူဆီမှာမှဒီလိုကံကြမ္မာဆိုးကကျရောက်နေခဲ့တယ်တဲ့လား*

သူချုပ်ကိုင်သူကိုသတ်လိုက်ရင်အရာရာတိုင်းပြီးဆုံးသွားမှာလား
ရေခဲတုံးလေးရောဒီအန္တရာယ်ဆိုးကြီးကလွတ်မှာလား
အဲ့တာဆိုသူသေရင်သေပါစေ
သူသတ်မိမယ်ထင်တယ်....
သူတို့ကြားမှာဘာရန်ညိုးတွေဘဲရှိခဲ့ပါစေရေခဲတုံးလေးကိုတော့သူမနာကျင်စေချင်ဘူး.....ဒါပေမဲ့လည်းသူမသေချင်သေးဘူး
ဒီသနားစရာကောင်းတဲ့ရေခဲတုံးလေးကသူ့ဆီကချစ်တယ်ဆိုတဲ့အသံလေးကိုအရမ်းကြားချင်နေခဲ့တာ
သူဒါလေးကိုတော့ပြောသွားချင်သေးတယ်

အရာအားလုံးတွေးတောပြီးတဲ့နောက်မှာ
ရေခဲတုံးလေးရှိတဲ့အခန်းကိုရှာဖို့နောက်ဘက်ကိုပြန်လှည့်လိုက်တော့တံခါးအဝမှာ

"စပ်စုတတ်တဲ့အကျင့်ကတကယ်မကောင်းဘူးဘဲ
ဒီနေ့တော့မင်းရဲ့ချစ်လှစွာသောvampireလေးနဲ့တွေ့ခွင့်ပေးလိုက်ဦးမယ်
ပြောရရင်တော့မင်းကစမ်းသပ်ခံဖြစ်ပြီထင်တယ်
ကံကောင်းတာပဲ....ကိုယ်ချစ်တဲ့သူကိုကိုယ်ကပြန်သတ်ရမှာ....romanticဆန်မနေဘူးလား"

𝘽𝙧𝙞𝙙𝙚𝙜𝙧𝙤𝙤𝙢 𝑜𝑓 𝑡ℎ𝑒 𝐅𝐮𝐥𝐥 𝐌𝐨𝐨𝐧Where stories live. Discover now