အရာအားလုံးကခုမှအစပြုတယ်

651 65 4
                                        

"ကိုယ့်ကိုပြ"

ရင်ဘတ်တစ်နေရာမှာရထားတဲ့ဒဏ်ရာကအခြေအနေပိုဆိုးလာသလိုပင်

"ဒီမှာခဏလှဲနေဦး
ကိုယ်ဆေးထည့်ပေးမယ်...ပြီးတော့အဝတ်တစ်ခုနဲ့ပါစည်းနှောင်ပေးမယ်"

"အွန်း"

"အင့်....နာတယ်....နာတယ်လို့"

"ခဏလေး...ပြီးတော့မှာ
ခဏလေးပါဘဲ"

ဆေးမှုန့်တွေဖြူးချလိုက်တော့နာလို့ထင်ပါရဲ့
ငိုမဲ့မဲ့....အဝတ်စည်းနှောင်ပေးလိုက်တော့ငြိမ်နေသည်

"ဒီမှာတစ်ခုခုစားလိုက်ပါဦး
ပေါက်စီတွေရှိတယ်လေ"

"ငါပေါက်စီမစားချင်တော့ဘူး"

"ဒါဆိုဘာစားချင်လို့တုန်း"

"ရင်တွေပူတယ်"

"ကိုယ်ခေါက်ဆွဲအေးဝယ်ကျွေးရမလား"

သူ့ရင်ဘတ်ထဲမှာထည့်ထားတဲ့ပိုက်ဆံတစ်ချို့ကိုပြန်စမ်းကြည့်လိုက်တယ်
တစ်ကယ်လို့ခေါက်ဆွဲအေးဝယ်စားလိုက်ရင်ဘာမှမကျန်တော့ဘူး
စုစရာပိုက်ဆံတော့မရှိဘူး
ဒါပေမဲ့ အဆင်ပြေပါတယ်

"နေဦး....ဒီမှာခဏစောင့်နေနော်
ကိုယ်သွားဝယ်ပေးမယ်"

"ကျန့်....အဲ့တာမစားချင်တော့ဘူး
ပေါက်စီ....ငါ့ကိုပေါက်စီဘဲပေးတော့...ပြီးတော့ရေအေးအေးလေးတစ်ခွက်လည်းခပ်ထားပေး"

ရှောင်းကျန့်ပေါက်စီတစ်လုံးယူပေးလိုက်ကာ
စမ်းချောင်းဘက်ကိုဆင်းလို့ရေတစ်ခွက်ခပ်လာခဲ့လိုက်သည်
နှုတ်ခမ်းတွေကဖြူဖျော့စွာ
အရောင်ဟူသည်နတ္ထိ
ရှိတဲ့အရောင်လေးကိုပြောပြပါဆိုသေချာတယ်
အဖြူရောင်ပင်

"အရူးလေး....သွေးသောက်မလား"

"ဟင့်အင်း....ငါဒီအတိုင်းလေးဘဲနေချင်တယ်
သွေးမသောက်ချင်ဘူး....အရင်လိုပြန်မဖြစ်ချင်ဘူး"

"ကိုယ်ကသဘောကိုပြောပြတာပါကွာ
ကြောက်လန့်မနေပါနဲ့
အခုကိုယ်တို့အရင်လိုပြန်မဖြစ်တော့ပါဘူး
အကုန်အဆင်ပြေသွားပါပြီ"

ခန္ဓာကိုယ်လေးကိုဆွဲဖက်ကာနှစ်သိမ့်လိုက်တော့လှုပ်ရှားနေတဲ့စိတ်တွေကတည်ငြိမ်သွားသည်

𝘽𝙧𝙞𝙙𝙚𝙜𝙧𝙤𝙤𝙢 𝑜𝑓 𝑡ℎ𝑒 𝐅𝐮𝐥𝐥 𝐌𝐨𝐨𝐧Where stories live. Discover now