မမျှော်လင့်တဲ့အရာတွေ

1K 103 1
                                        

ကျန့်.....ကျန့်.....နဲ့တစ်လုံးချင်းမပီမသတိုးညှင်းစွာခေါ်တတ်တဲ့သူ့အသံလေးကဆိတ်ငြိမ်တဲ့တောအုပ်ထဲမှာစီးချက်မှန်မှန်တစ်သွင်သွင်စီးဆင်းနေတဲ့ရေစီးသံလေးလိုဘဲငြိမ့်ညောင်းလွန်းပါတယ်

ရှောင်းကျန့်မြို့ဈေးထဲဝင်ပြီးဆိုင်တစ်ဆိုင်ထဲဝင်လိုက်တယ်
ဆိုင်ရဲ့ထောင့်ကျပြီးလူကွယ်တဲ့နေရာကိုရွေးလိုက်သည်
သူထိုင်ပြီးသိပ်မကြာလိုက်
လူတစ်ယောက်သူ့ဆီရောက်လာပြီး

"ဒီလေးရက်အတွင်းမင်းသူ့ကိုခေါ်လာနိုင်ခဲ့ရင်မင်းအလုပ်ပြီးပြီ"

"သူ့ကိုဘာလို့လိုချင်တာလဲ"

"ငါတို့မှာမေးပိုင်ခွင့်ရှိသေးလို့လား"

"ငါ့ကိုချုပ်ကိုင်သူနဲ့တွေ့ပေး"

"မဖြစ်နိုင်ဘူး"

"မင်းအလုပ်သာကျေပွန်အောင်လုပ်စမ်းပါ
တောအုပ်ထဲကနှလုံးသားကိုမဖျက်ဆီးနိုင်ရင်အဲ့ကောင်လေးကိုချုပ်ကိုင်သူထံပို့ပေးလိုက်
မဟုတ်ရင်နောက်ဆက်တွဲဇယားတွေငါတို့မခန့်မှန်းနိုင်ဘူး
ငါကြားမိတာချုပ်ကိုင်သူကသွေးနှောမှာအမြင့်ဆုံးရှိသူ"

"သူကိုယ်တိုင်လည်းဗန်ပိုင်းယားတစ်ကောင်လိုစိတ်မျိုးဝင်ဖူးတာဘဲကိုဘာလို့ဗန်ပိုင်းယားတွေကိုလိုက်သတ်ခိုင်းရတာလဲ
အခုငါ့ကိုသူအလုပ်ပေးတယ်
ဒီတာဝန်ကိုကျေပွန်အောင်ထမ်းဆောင်ပြီးရင်ငါဒီအလုပ်ကိုထပ်မလုပ်တော့ဘူး
ဒါနောက်ဆုံးတာဝန်
ငါဆုံးဖြတ်ချက်ချထားတယ်"

"မင်းက....အရင်တုန်းကမင်းမှဟုတ်ရဲ့လား
ဒီအလုပ်ကိုမင်းအရမ်းခင်တွယ်ခဲ့တာလေ
မင်းနဲ့အတူနေတဲ့ဗန်ပိုင်းယားကမင်းကိုဆေးခတ်ထားတာလား"

"မဆိုင်ဘူး....ငါ့စိတ်ခံစားချက်အရဘဲ
ငါဒီတစ်ပတ်အတွင်းတောအုပ်ထဲကနှလုံးသားကိုဖျက်ဆီးနိုင်ရင်ငါကောင်လေးကိုခေါ်လာစရာမလိုဘူးမလား"

သူ့ရှေ့ကသူက ခေါင်းညိမ့်ပြလိုက်မှ

"ပြောစရာရှိတာဒါဘဲဆိုနောက်လေးရက်နေမှငါအဆင်ပြေသလိုကြည့်စီစဉ်မယ်
တောအုပ်ရဲ့နှလုံးသားကိုဖျက်ဆီးနိုင်ခဲ့ရင်လည်းသက်သေနဲ့တကွငါပြန်လာခဲ့မယ်"

𝘽𝙧𝙞𝙙𝙚𝙜𝙧𝙤𝙤𝙢 𝑜𝑓 𝑡ℎ𝑒 𝐅𝐮𝐥𝐥 𝐌𝐨𝐨𝐧Tempat cerita menjadi hidup. Temukan sekarang