"မြို့ငယ်လေးမှာသုံးတဲ့ပိုက်ဆံတွေကိုမင်းသိလို့လား
အရူးလေးရဲ့"
"ငါ....ဟုတ်သားဘဲ....ငါမသိဘူး"
"ဟားဟား....အဲ့တာကိုဘယ်လိုပန်းရောင်းမှာတုန်း"
"ငါတို့မှာစားစရာမရှိတော့ဘူးဆိုလို့
မင်းကသင်ပေးလေ"
အသံတိုးတိုးလေးနဲ့ပြောနေရင်းနဲ့မှစိတ်ကမရှည်လာသလို
"ဒီလိုလုပ်ကြရအောင်
ဒီမှာကြည့်....ကိုယ့်ဆီမှာဒီအကြွေပြားလေးတစ်ခုရှိတယ်
အဲ့တာကိုပန်းတစ်ပွင့်လို့သတ်မှတ်ရအောင်
ဒီအကြွေပြားလေးတစ်ခုကိုပန်းတစ်ပွင့်
ဟုတ်ပြီလား"
"အွန်း"
"ပန်းတွေကတို့ဘယ်လိုစိုက်ကြမလဲ"
"အဲ့တာကအကြောင်းမရှိဘူး
အဆင်ပြေတယ်"
"ဟုတ်ပြီ....ဒါဆိုမနက်ကစပြီးတို့တွေပန်းရောင်းကြမယ်
မနက်ဖြန်တော့ဈေးထဲကိုကိုယ်လိုက်ပို့မယ်
အခုတော့စားပြီးအနားယူလိုက်ပါဦး"
"ရော့....ရော့
ငါကဗိုက်ပြည့်သွားပြီ...မင်းစားလိုက်တော့"
"ကိုယ်ကဘာမှမဖြစ်ဘူးအရူးလေးရဲ့
မင်းသာမနက်ဖြန်ဈေးထဲသွားရဦးမှာလေ....စားလိုက်
မနက်စားဖို့အတွက်ကိုယ်တို့မှာဘာအစားအစာမှရှိနေမှာမဟုတ်ဘူး"
*အရာအားလုံးကချို့တဲ့လိုက်တာ
စားချိန်ရောက်ရင်သူဗိုက်ပြည့်နေတာဘဲလိုချင်ခဲ့တာ
လိုချင်တဲ့အရာတွေဆိုဘယ်မျက်နှာမှမထောက်ဝယ်ပေးချင်ခဲ့တာ
ပိုက်ဆံတွေဘယ်လောက်ကုန်ကုန်*
"မင်းသာစားစမ်းပါ....ငါကအဲ့လောက်အစားမကြီးဘူး"
*ကျန့်ဘဲစားစမ်းပါ....ငါ့အတွက်ဒုက္ခခံရတာများနေပြီ
စားချိန်လေးတော့ငါ့ကိုမငှဲ့ဘဲဗိုက်ပြည့်အောင်စားမှပေါ့*
"ဟုတ်ပါပြီ....ဒါကိုသိမ်းထားလိုက်မယ်
ဗိုက်ဆာရင်ပြောပေါ့
အိပ်ချင်ရင်အိပ်လိုက်တော့....ကိုယ်အိပ်တဲ့နေရာလေးကိုပြန်ပြင်ထားတယ်
ပြီးတော့ဒီမှာစောင်....စောင်ခြုံအိပ်
စမ်းချောင်းနဲ့နီးတော့ပိုးမွှားလေးတွေကိုက်မှာစိုးရိမ်တယ်"
VOCÊ ESTÁ LENDO
𝘽𝙧𝙞𝙙𝙚𝙜𝙧𝙤𝙤𝙢 𝑜𝑓 𝑡ℎ𝑒 𝐅𝐮𝐥𝐥 𝐌𝐨𝐨𝐧
Fanficကျုပ်နှလုံးသားတွေကနက်မှောင်ပြီးညို့အားကောင်းတဲ့အနီရောင်နှင်းဆီပန်းတွေနဲ့တူတယ် အခုနှင်းဆီပန်းတွေကခင်ဗျားလက်ထဲရောက်တိုင်းငြိုးနွမ်းကုန်တယ်ဆိုတော့ ကျုပ်နှလုံးသားကလည်းခင်ဗျားလက်ထဲမှာ~~~
