ထိုက်တန်တယ်လို့ထင်ခဲ့တဲ့စတေးမှုတစ်ခု

771 73 6
                                        

အချစ်ကအမြဲတမ်း သိမ်ငယ်မှု,နာကျင်မှုတွေနဲ့
ဝမ်းနည်းမှုတွေကိုဘဲပေးတာလား
ဒါပေမဲ့ရူးမိုက်စွာဖက်တွယ်ပြီးချစ်နေမိပြန်တယ်

သူ့ကြောင့်ရတဲ့နာကျင်မှုနဲ့စိတ်ပင်ပန်းမှုတွေသာဒဏ်ရာတစ်ခုဖြစ်ခဲ့မယ်ဆို
သူ့ကိုချစ်နေသေးတယ်,သူငါ့အနားမှာရှိနေသေးတယ်ဆိုတဲ့စိတ်လေးနဲ့ကုစားလို့ရပါတယ်

"ဗိုက်ဆာလိုက်တာကျန့်ရယ်....ငါအသီးအနှံတွေသွားခူးဦးမယ်
ကျန့်နိုးလာရင်တော့မြို့ငယ်လေးမှာစားစရာတွေသွားဝယ်ကြမယ်
ခုချိန်ငါသွားရင်တော့မြို့ငယ်လေးကလူတွေကငါ့ကိုဝိုင်းရိုက်ကြတော့မှာ
ကျန့်နိုးလာတာကိုစောင့်နေရမယ်"

သူရှောင်းကျန့်လက်မောင်းပေါ်ကခေါင်းကြွလိုက်ကာထိုလက်မောင်းကိုငုံ့ကြည့်လိုက်ပြီးအိစက်လှတဲ့နှုတ်ခမ်းတွေနဲ့ထိတွေ့နမ်းရှိုက်လိုက်သည်

"ငါခေါင်းအုံးထားတာကိုခံရတော့ညောင်းနေတော့မှာပေါ့"

နှင်းဆီပန်းတွေပေါ်ကနေမြက်ခင်းစိမ်းတွေပေါ်သက်ဆင်းလို့အသီးအနှံသွားရှာရန်ထွက်ခဲ့လေတယ်
နှလုံးသားဥယျာဉ်နဲ့ခပ်လှမ်းလှမ်းနေရာရောက်တော့သူ့ခြေလှမ်းတွေကိုတုံ့ခနဲရပ်ဆိုင်းလိုက်သည်

*မကောင်းတော့ဘူး....ငါ့တောအုပ်ထဲမူမမှန်တဲ့အရာတစ်ခုခုဝင်လာတယ်*

သူချက်ချင်းပင်လွှားခနဲပျံကာထိုအရာရှိတဲ့အရပ်ကိုဦးတည်သွားလိုက်သည်
အနက်ရောင်ဝတ်ရုံအပြည့်နဲ့လူတစ်ယောက်ကသူ့တောအုပ်ထဲမှာတစ်ခုခုကိုရှာဖွေနေပုံ
ထိုလူရှေ့ကိုလွှားခနဲခုန်ချပြီးပိတ်ရပ်လိုက်ကာ

"မင်းဘယ်သူလဲ....ဘာလိုချင်တာလဲ"

"ငါဘယ်သူလဲဆိုတာမင်းသိစရာမလိုဘူး
ဒါပေမဲ့ငါဘာလိုချင်တာလဲဆိုတာတော့မင်းကိုပြောပြရမယ်"

"အော....ငါ့အပေါ်ကျတစ်စက်ကလေးမှသနားညှာတဲ့စိတ်မရှိတဲ့အပြင်ငါ့အဖိုးလို့ပါခံယူထားတဲ့ခင်ဗျားကိုး
ဒုက္ခတွေတဝကြီးပေးပြီးရင်လည်းတော်လိုက်တော့
ခင်ဗျားကြောင့်ကျုပ်တော်တော်ကြီးခံစားနေရပါပြီ
ခင်ဗျားကျေးဇူးတွေကြောင့်ကျုပ်တို့နှစ်ဦးသေကွဲကွဲခဲ့ရပြီးပြီ
တော်ပါတော့"

𝘽𝙧𝙞𝙙𝙚𝙜𝙧𝙤𝙤𝙢 𝑜𝑓 𝑡ℎ𝑒 𝐅𝐮𝐥𝐥 𝐌𝐨𝐨𝐧Where stories live. Discover now