"ငါ့ကိုရောယုံကြည်လား"
"အဖြေမရှိဘူး....စောင့်ကြည့်ရဦးမယ်"
"ငါကမင်းမယုံကြည်ရတဲ့သူတစ်ယောက်ဖြစ်နေခဲ့ရင်ဘယ်လိုလုပ်မလဲ"
"အကြောင်းမရှိဘူးလေ
လူတိုင်းကကိုယ်စိုက်တဲ့အပင်ကိုကိုယ်ပြန်ရိတ်သိမ်းကြရတာချည်းဘဲ
မင်းကိုငါကအကုန်ယုံကြည်ထားခဲ့ပြီးပြီ
တကယ်လို့မင်းငါ့ကိုသတ်သွားမယ်ဆိုရင်လည်းငါကပြုံးပြုံးလေးအသေခံရုံဘဲ
ငါရွေးချယ်ခဲ့ပြီးငါကိုယ်တိုင်ဖောက်ခဲ့တဲ့လမ်းတွေပါ
ဘယ်သူ့ကိုမှအပြစ်မတင်ရက်ပါဘူး မမုန်းရက်ပါဘူး"ရှောင်းကျန့်ဘာမှဆက်ပြောမနေတော့ပေ
"ဒီမှာချက်ပြုတ်လို့ရတဲ့နေရာမရှိဘူးလား
ငါတစ်ခုခုချက်စားရအောင်""ခစ် ခစ် ခစ် ခစ်"
သူ့ကိုကြည့်ပြီးတခစ်ခစ်ကျိတ်ရယ်နေသူကိုလေသံမာမာနဲ့လှမ်းမေးလိုက်တယ်
"မင်းကငါ့ကိုဘာတွေလှောင်တာလဲ"
"ငါမလှောင်ပါဘူး....ခစ်ခစ်....မင်းမေးတာကိုမင်းပြန်စဥ်းစားကြည့်ဦးလေ
ဗန်ပိုင်းယားတစ်ကောင်ဆီမှာဘယ်လိုလုပ်ချက်ပြုတ်စရာနေရာရှိမှာလဲ"သူပြောတာလည်းဟုတ်သား
"ငါကတစ်နှစ်ပတ်လုံးနေမှလူသွေးကိုတစ်ကြိမ်တစ်ခါဘဲတောင့်တတယ်
ငါအမြဲဆာလောင်မွတ်သိပ်နေတာမျိုးတော့မဟုတ်ဘူး
ငါနေနိုင်တယ်""ထားပါတော့ ဒါဆိုမင်းကိုငါချက်ပြုတ်ကျွေးစရာမလိုတော့ဘူး ငါလည်းမြို့ထဲသွားမှာဝယ်စားရုံပေါ့
ဒါနဲ့မင်းကရေမချိုးဘူးလား
ဒီလောက်ညစ်ပတ်နေတာလေ""ချိုးမှာပေါ့...ငါလထွက်လာတဲ့အချိန်ကိုစောင့်နေတာ"
စကားအပိုတွေပြောစရာမရှိတာကြောင့်တိတ်ဆိတ်သွားပြန်သည်
"ငါမနက်ကလိုက်ကြည့်မိတယ်
ဒီအဆောက်အဦးထဲကအရာရာတိုင်းဟောင်းနွမ်းနေပြီ
မင်းဘယ်လိုလုပ်နေနေတာလဲ""ဒီလိုဘဲနေရတာပေါ့ ငါဒီမှာမနေရင်ဘယ်မှာသွားနေရမှာလဲ"
"ငါကြားဖူးတာတော့vampireအများစုကအုပ်စုဖွဲ့နေတတ်တာလေ
မင်းကတစ်ယောက်တည်း
ပြီးတော့တစ်ယောက်ထဲနေတဲ့vampireတွေဆိုအဆောင်အယောင်အပြင်ခစားသူကျွန်အစေခံတွေကအဆင်သင့်ရှိပြီးသား
ဒီမှာကျငါတစ်ယောက်မှမတွေ့ဘူး"
BẠN ĐANG ĐỌC
𝘽𝙧𝙞𝙙𝙚𝙜𝙧𝙤𝙤𝙢 𝑜𝑓 𝑡ℎ𝑒 𝐅𝐮𝐥𝐥 𝐌𝐨𝐨𝐧
Fanfictionကျုပ်နှလုံးသားတွေကနက်မှောင်ပြီးညို့အားကောင်းတဲ့အနီရောင်နှင်းဆီပန်းတွေနဲ့တူတယ် အခုနှင်းဆီပန်းတွေကခင်ဗျားလက်ထဲရောက်တိုင်းငြိုးနွမ်းကုန်တယ်ဆိုတော့ ကျုပ်နှလုံးသားကလည်းခင်ဗျားလက်ထဲမှာ~~~