ကိုယ်တစ်ကယ်လွမ်းနေခဲ့တာ

810 80 4
                                        

သူကဖြစ်ကြောင်းကုန်စင်ကိုပြောပြခဲ့သည့်တိုင်ထိုအရာတွေကကျန့်အတွက်လို့ဆိုတဲ့စကားတစ်ခွန်းတော့မဟခဲ့ပါဘူး

လက်မောင်းကြီးပေါ်ခေါင်းအုံးရင်းကောင်းကင်ပေါ်မော့ကြည့်ကာ

"....ကျန့်နားငြီးမှာစိုးလို့ငါကျန့်အနားကခဏခွာပြီးကျန့်ကိုဘယ်လောက်ချစ်ကြောင်းကောင်းကင်ပေါ်ကကြယ်လေးတွေကိုအားရပါးရပြောနေခဲ့သေးတယ်
သူတို့ကလည်းကျန့်နဲ့အတူတူဘဲငါ့ကိုဘာမှပြန်မပြောဘူး....ဒါပေမဲ့လေ

ကျန့်ကိုငါဘယ်လောက်ချစ်လဲဆိုတာဘဲပြောခဲ့ရတယ်
ကျန့်ကငါ့ကိုဘယ်လောက်ချစ်တာလဲဆိုတာ
ငါသူတို့ကိုမပြောပြနိုင်ခဲ့ဘူး"

မျက်ရည်တွေဝဲလို့ရှောင်းကျန့်မျက်နှာကိုတစိမ့်စိမ့်စိုက်ကြည့်ရင်းသိမ်ငယ်မျက်ဝန်းတွေနဲ့ပြောနေပြန်တယ်

"ခန္ဓာကိုယ်မှာဒဏ်ရာရလို့သွေးတွေထွက်တဲ့နာကျင်မှုထက်
စိတ်နှလုံးသားဒဏ်ရာရလို့ထွက်ကျလာတဲ့သွေးလို့မခေါ်ထိုက်တဲ့မျက်ရည်တွေကပိုပြီးခံစားရတယ် ကျန့်ရယ်
သူတို့ကလည်းငါ့နှလုံးသားရဲ့ပူလောင်တဲ့သွေးတွေပေါ့နော်"

မျက်ရည်တွေကကျလာပြန်ပါပြီ...သူအတတ်နိုင်ဆုံးတော့ထိန်းထားခဲ့တာဘဲ​လေ
ရှောင်းကျန့်ပါးလေးကိုတယုတယအုပ်ကိုင်လို့

"ငါကျန့်ကိုချစ်ကြောင်းကြိုက်ကြောင်းတွေပြောမယ်
ကျန့်ကတော့ငါ့ကိုဘယ်လောက်ချစ်လဲကြိုက်လဲမပြောပြလဲရတယ်"

ဒီစကားပြောပြီးသူရှောင်းကျန့်မျက်နှာကိုမကြည့်နိုင်တော့ဘူး
ခေါင်းငုံ့ကာရှိုက်ငိုနေမိတယ်

........

"ညာတာကျန့်ရဲ့....ငါကလူလိမ်ကြီး
ကျန့်ချစ်တာတွေကိုအားရပါးရကြီးခံစားချင်လိုက်တာ
ဒီစိတ်ဝိညာဉ်ကကျန့်ရဲ့ကျေးကျွန်လိုဖြစ်နေခဲ့ပြီ

ကျန့် မချစ်မှာကိုမကြောက်ဘူး
မချစ်တတ်မှာကိုကြောက်လိုက်တာ....လွဲမှားတဲ့ချစ်ခြင်းတရားတွေရဲ့အဆုံးသတ်ကမကောင်းတတ်ဘူးလေ
ဒါပေမဲ့လည်းအမုန်းတရားတွေကနေပေါက်ဖွားလာတဲ့သံယောဇဉ်တွေကပိုပြီးခိုင်မြဲနေပြန်ရောကျန့်ရဲ့
ငါကျန့်ကိုမုန်းလိုက်ရမလား......"

𝘽𝙧𝙞𝙙𝙚𝙜𝙧𝙤𝙤𝙢 𝑜𝑓 𝑡ℎ𝑒 𝐅𝐮𝐥𝐥 𝐌𝐨𝐨𝐧Nơi câu chuyện tồn tại. Hãy khám phá bây giờ