"ဒီညမင်းကိုယ့်ကိုတစ်စုံတစ်ရာလိုက်ပြမယ်ဆို
ပြီးတော့မနက်ကျကလေးတွေဆီကိုသွားကြမှာလေ""နေပါဦး....လရောင်ကထင်သလောက်မရရှိသေးဘူး"
"ငါစောင့်နိုင်ပါတယ်"
"မှော်ဆန်ဆန်အရာတွေကိုယုံကြည်လား"
"အင်း....ငါယုံကြည်တယ်"
"ဒီတောအုပ်မှာတောအုပ်ရဲ့ပင်မအရင်းမြစ်နှလုံးသားဆိုတာရှိတယ်လေ
ဒီညငါအဲ့အရာကိုလက်တွေ့ပြပေးမှာ
တောအုပ်ထဲကနှလုံးသားကပျက်စီးသွားပြီဆိုတောအုပ်ကပြာကျသွားပြီးဘယ်တုန်းကမှမရှိခဲ့တဲ့ပုံစံမျိုးဖြစ်သွားမှာ
အဲ့တာဆိုငါလည်း......""ရေခဲတုံးလေးကကိုယ်နဲ့လိုက်နေလေ
မြို့ငယ်ထဲမှာဆိုကလေးလေးတွေလည်းရှိပြီးအရမ်းပျော်ဖို့ကောင်းတာမလား
မင်းသဘောကျတယ်လေ""မြို့ငယ်လေးကိုသဘောကျတယ်
ဒါပေမဲ့ငါကလူဝင့်မဆံ့မှာကြောက်တယ်
လူတွေကငါ့ကိုထိတ်လိန့်နေတဲ့ခံစားမျိုးကိုလည်းငါမုန်းတယ်""နောက်ပိုင်းတော့အရာအားလုံးကပုံမှန်တွေလိုလည်ပတ်နေမှာပါကွာ
လာပါကိုယ့်ကိုတောအုပ်ရဲ့နှလုံးသားကိုလိုက်ပြတော့
သူကဘယ်လောက်တောင်ဆွဲဆောင်မှုရှိနေမလဲ
ကိုယ်သိချင်လှပြီ""အင်းပါ....ငါ့နောက်ကလိုက်ခဲ့နော်"
ထုံးစံအတိုင်းသူရေစိမ်နေကျနေရာလေးကိုခေါ်သွားသည်
ဟိုရောက်တော့ရေကန်ငယ်လေးဘေးကလူတစ်ရပ်လောက်ရှည်တဲ့မြက်တွေကိုတိုးဝှေ့ကာဝင်သွားတော့
နှင်းဆီနီတွေ တကယ်ပါဘဲ ဒီနှင်းဆီနီတွေကရိုင်းစိုင်းစွာလူကိုဆွဲဆောင်နေတာပါဘဲလား"ဒါလား တောအုပ်ရဲ့နှလုံးသားက"
"မဟုတ်သေးဘူးလေ...ဒါက ပန်းလိုချင်တဲ့ကလေးလေးတွေအတွက်ငါကိုယ်တိုင်ခူးပေးမှာ"
အကြီးဆုံးနဲ့အနီရင့်ဆုံးနှင်းဆီတစ်ပွင့်ကိုသူခူးပြီးရှောင်းကျန့်လက်ထဲကိုထည့်ပေးလိုက်တော့
ပန်းလေးကအနည်းငယ်တော့ငြိုးနွမ်းကုန်တယ်"အဆင်ပြေပါတယ်
ချက်ချင်းကြီးလန်းဆန်းသွားတာမျိုးတော့ဘယ်ဖြစ်နိုင်ပါ့မလဲ
ဒီလိုဘဲအချိန်ယူပြီး အချိန်ယူပြီးငါ့ဘက်ကစောင့်ရမှာပေါ့"
YOU ARE READING
𝘽𝙧𝙞𝙙𝙚𝙜𝙧𝙤𝙤𝙢 𝑜𝑓 𝑡ℎ𝑒 𝐅𝐮𝐥𝐥 𝐌𝐨𝐨𝐧
Fanfictionကျုပ်နှလုံးသားတွေကနက်မှောင်ပြီးညို့အားကောင်းတဲ့အနီရောင်နှင်းဆီပန်းတွေနဲ့တူတယ် အခုနှင်းဆီပန်းတွေကခင်ဗျားလက်ထဲရောက်တိုင်းငြိုးနွမ်းကုန်တယ်ဆိုတော့ ကျုပ်နှလုံးသားကလည်းခင်ဗျားလက်ထဲမှာ~~~