"ကိုယ်အရင်တုန်းကအိမ်ရှိရဲ့သားနဲ့အိမ်မှာမနေဘူး
အရက်တွေအရမ်းသောက်တယ်
သေရမှာကိုကြောက်ရွံ့မနေဘူး
အခုတော့ကိုယ်အိမ်မှာနေတယ်....အရက်တွေလည်းမသောက်တော့ဘူး
သေရမှာလည်းအရမ်းကြောက်တယ်
အခြေအနေတစ်ရပ်ကလွဲပြီးတော့ပေါ့"
"အဲ့တာကျွန်တော်နဲ့ဘာဆိုင်လို့လဲ"
"ဆိုင်တာပေါ့....ကိုယ့်အိမ်ကြီးကတိတ်ဆိတ်ခြောက်သွေ့တယ်
ကိုယ်တစ်ယောက်တည်းရှိနေတော့အထီးကျန်တယ်
အမြဲတမ်းတစ်ယောက်တည်း
စကားပြောဖော်တောင်မရှိခဲ့ဘူး
ကောက်ရိုးခင်းထားတဲ့ကိုယ့်ရဲ့အိပ်ယာကလည်းအမြဲအေးစက်နေသလိုတစ်အိမ်လုံးမှာလည်းနွေးထွေးမှုအရိပ်အယောင်ဆိုတာမရှိဘူး
ကိုယ်vampireတွေကိုသတ်တယ်သူတို့သွေးနံ့တွေကိုအရက်နံ့နဲ့ဖုံးလွမ်းတယ်
အရက်သောက်လိုက်ရင်ကိုယ့်အဖို့တော့ပင်ပန်းတာတွေပြေပြီးမြန်မြန်အိပ်ပျော်စေတာဘဲ
အိပ်ဆေးပေါ့
အခုတော့ကိုယ်နိုးလာတဲ့အချိန်တိုင်းကိုယ့်အိပ်ယာလေးကနွေးထွေးနေတယ်
အိပ်ယာတစ်ဘက်ခြမ်းကိုလက်နဲ့စမ်းပြီးဆွဲယူလိုက်တိုင်းကိုယ်လုံးသေးသေးလေးကကိုယ့်ရင်ခွင်ထဲအမြဲပါလာတယ်
ကိုယ့်မှာဘာမှဖမ်းဆုပ်ပြီးမြတ်နိုးစရာမရှိတဲ့အခါမျိုးမှာကိုယ်ဟာဘာကိုမှတွယ်တာမနေတာမို့သေမှာကိုမကြောက်ဘူး
အခုမင်းရောက်လာတော့ကိုယ်မသေချင်ဘူး
မင်းကိုချစ်ချင်သေးလို့
ကိုယ်မင်းကိုမထားခဲ့ချင်ဘူး....တွယ်တာလွန်းလို့
မင်းအရင်ထွက်သွားမယ်ဆိုလည်းကိုယ်ဟာမင်းနောက်လိုက်ခဲ့မှာဘဲ
ကိုယ့်မျက်လုံးတွေစပြီးဖွင့်လိုက်တဲ့မနက်ခင်းမှသည်ကိုယ့်မျက်လုံးတွေမှိတ်လိုက်တဲ့ညအထိကိုယ့်မှာမင်းဆီကလာတဲ့တွယ်တာခြင်းတွေနဲ့မြတ်နိုးခြင်းတွေကိုနမ်းရှိုက်လို့မဝနိုင်ဘူး"
"ပြွတ်စ့်...."
ရှောင်းကျန့်မျက်လုံးတွေအပြူးသား
သူစကားလည်းဆုံးရောရိပေါ်ကသူ့ကိုအရင်ဆုံးစနမ်းခဲ့သည်လေ
နှုတ်ခမ်းချင်းဖိကပ်လိုက်သည်နှင့်အိကျသွားတဲ့ထိုနှုတ်ခမ်းတစ်စုံ
အသည်းယားလွန်းတာကြောင့်ကိုက်မိတော့မလိုပင်
ထိုနှုတ်ခမ်းတစ်စုံကိုငုံထွေးလိုက်ကာပါးစပ်ထဲထည့်လို့လျှာနဲ့ကစားနေမိသည်
ВЫ ЧИТАЕТЕ
𝘽𝙧𝙞𝙙𝙚𝙜𝙧𝙤𝙤𝙢 𝑜𝑓 𝑡ℎ𝑒 𝐅𝐮𝐥𝐥 𝐌𝐨𝐨𝐧
Фанфикшнကျုပ်နှလုံးသားတွေကနက်မှောင်ပြီးညို့အားကောင်းတဲ့အနီရောင်နှင်းဆီပန်းတွေနဲ့တူတယ် အခုနှင်းဆီပန်းတွေကခင်ဗျားလက်ထဲရောက်တိုင်းငြိုးနွမ်းကုန်တယ်ဆိုတော့ ကျုပ်နှလုံးသားကလည်းခင်ဗျားလက်ထဲမှာ~~~
