*ဒီတောကနက်မှောင်လွန်းတယ်....ငါဘယ်ကိုရောက်သွားတာလဲ
သူရော....သူရောလိုက်လာသေးလား*မောဟိုက်သံတွေသာပဲ့တင်ထပ်အောင်ကြားနေရသည်
မှောင်မဲလွန်းပေမဲ့လရောင်ရှိတာကြောင့်တစ်ချို့နေရာတွေကအလင်းဖြာကျနေတယ်*ဒါဘယ်နေရာလဲ....အသံတွေတိတ်ဆိတ်လွန်းတယ်
လပြည့်ညရဲ့လရောင်ကလည်းဒီနေရာမှာပိုပြီးတောက်ပနေတယ်*သူ့ခြေသံတွေကလွဲပြီးဘာကိုမျှမကြားရ
*လူရှိတာလား....ဒါဘာအနံ့လဲ
မွှေးတယ်....လူကိုမူးမေ့အောင်ဆွဲဆောင်နိုင်တယ်...
ဒါပေမဲ့ပြင်းထန်တယ်*မှောင်မဲတိတ်ဆိတ်လွန်းတာကြောင့်တစ်ယောက်တည်းချောက်ချားစွာစိတ်ထဲကနေဘဲပြောနေမိတယ်
"ဘယ်သူလဲ"
သူ့ခေါင်းပေါ်ကဖြတ်သွားတဲ့အရိပ်တစ်ခုကလရောင်နဲ့ဆိုတော့သူ့မျက်စိထဲရိပ်ခနဲ
"ငါမေးနေတယ်လေ....ဘယ်သူလဲလို့"
အား!!!!!!!!
မွှေးပျံ့တဲ့ရနံ့
လျင်မြန်တဲ့အရိပ်
တစ်တောလုံးဖုံးလွှမ်းသွားစေတဲ့အော်သံတစ်ခုအရာအားလုံးကသူနဲ့အဆက်အသွယ်ပြတ်သွားခဲ့တယ်
-----------------------------
Time skip,မွှေးပျံ့တဲ့ရနံ့တွေကသူ့နှာခေါင်းထဲအထိတိုးဝင်လာနေတုန်း
လင်းတစ်ကွက်မှောင်တစ်ကွက်နေရာမှာမျက်စိရှေ့မှာမြင်နေရသည်ကအနက်ရောင်ဝတ်ရုံခြုံထားတဲ့လူတစ်ယောက်
သူ့အနားကိုတစ်လှမ်းချင်းလမ်းလျှောက်လာတယ်
ထိူလူနီးလာလေရနံ့တွေကပျော့ပြောင်းပြီးရစ်မူးလေသူအကြောင်သားနဲ့ရပ်ပြီးထိုလူကိုကြည့်နေမိသည်
ထိုလူသူ့အနားရောက်လာသည်အထိမလှုပ်မိ
မျက်နှာချင်းဆိုင်ရပ်လိုက်တော့သူ့ထက်အရပ်သိပ်မရှည်"ဘယ်သူလဲ"
"ကိုယ်လေ....အချစ်လေး"
"မျက်လုံးနီတွေ"
"ဟား!!!!!....ဒါအိမ်မက်ဖြစ်နေခဲ့တာဘဲ"
"နိုးလာပြီလား"
လန့်ပြီးထထိုင်မိတော့သူ့ကိုယ်ပေါ်မှာပန်းတွေနဲ့
အခန်းကြီးတစ်ခန်းထဲကကုတင်ပေါ်မှာ
ကုတင်နဲ့မနီးမဝေးမှာအကောင်ထွားထွားလူရဲ့နှစ်ရပ်စာမကတဲ့ပြတင်းတံခါးကြီးတစ်ခုကနေဝင်ရောက်လာတဲ့လရောင်ကြောင့်တစ်ခန်းလုံးကိုရှင်းလင်းနေအောင်မြင်ရတယ်
ပြတင်းတံခါးနဲ့ဝေးတဲ့နေရာတွေကလွဲလို့
![](https://img.wattpad.com/cover/304407688-288-k309998.jpg)
ESTÁS LEYENDO
𝘽𝙧𝙞𝙙𝙚𝙜𝙧𝙤𝙤𝙢 𝑜𝑓 𝑡ℎ𝑒 𝐅𝐮𝐥𝐥 𝐌𝐨𝐨𝐧
Fanficကျုပ်နှလုံးသားတွေကနက်မှောင်ပြီးညို့အားကောင်းတဲ့အနီရောင်နှင်းဆီပန်းတွေနဲ့တူတယ် အခုနှင်းဆီပန်းတွေကခင်ဗျားလက်ထဲရောက်တိုင်းငြိုးနွမ်းကုန်တယ်ဆိုတော့ ကျုပ်နှလုံးသားကလည်းခင်ဗျားလက်ထဲမှာ~~~