"အဲ့တာဘာလဲ"
"မြို့တော်ကငါဝယ်လာတဲ့အရက်"
"ငါ့ကိုလည်းတိုက်ပါ့လား"
"ရေခဲတုံးကအရက်သောက်လို့မရဘူး
သောက်နေကျဝိုင်နီတွေဘဲသောက်စမ်းပါ""ဝိုင်နီတွေကရိုးနေပြီမို့အသစ်အဆန်းလေးသောက်ဖူးချင်လို့"
"တစ်ငုံစာဘဲရှိတော့တယ်....မင်းဘာလုပ်တာလဲ"
"အု....."
ရှောင်းကျန့်ဆီကနောက်ဆုံးလက်ကျန်တစ်ငုံစာသာရှိတဲ့ဘူးလေးကိုလုလိုက်ကာသူ့ပါးစပ်ထဲလောင်းထည့်လိုက်တော့ရှောင်းကျန့်ကလည်းလျင်မြန်စွာပင်ရိပေါ်ကိုခုန်အုပ်ကာနှုတ်ခမ်းတွေကိုငုံထွေးလိုက်ပြီးလည်ချောင်းထဲကိုစီးဆင်းမသွားသေးတဲ့အရက်တစ်ချို့ကိုသူ့ပါးစပ်ထဲပြန်လည်စုပ်ယူလိုက်သည်
"မင်းမသောက်ရဘူးလို့ပြောနေတယ်လေ...လိမ်မာစမ်းပါ"
"ဒါလေးသောက်တာဘဲဟာကို"
ရှောင်းကျန့်ရိပေါ်ကိုခြေဆုံးခေါင်းဆုံးကြည့်လိုက်ကာ
"မင်းကဒီဝတ်စုံတစ်ထည်ဘဲရှိတာလား
ပြီးတော့ညဘက်တွေရောက်နေတာမင်းမှာအလုပ်မရှိဘူးလား""မရှိဘူးလေ....ဝတ်စုံကတော့တစ်စုံတည်းရှိတာ
ငါကအပြင်မှသိပ်မထွက်တာအပိုဝတ်စုံတွေမလိုပါဘူး""ဘာပဲဖြစ်ဖြစ်အနည်းနှစ်စုံလောက်တော့ရှိသင့်တယ်"
စကားပြောရင်းကုတင်ပေါ်တက်ပြီးပက်လက်လှန်ချလိုက်တယ်
တကယ့်ကိုနိဗ္ဗာန်ဘုံလေးတစ်ခုလိုပါဘဲ
လပြည့်ညရယ်ပန်းရနံ့သင်းသင်းလေးရယ်"ဒီမှာလာလှဲလိုက်....ညဘက်ကဘာမှလုပ်စရာရှိမနေတာဘဲ ထပ်အိပ်လိုက်
ရေခဲတုံးဘေးမှာငါရှိနေပေးမယ်...တစ်ညလုံး"အိပ်နေမကျတော့သူမအိပ်တတ်
ရှောင်းကျန့်ပြောတဲ့အတိုင်းရှောင်းကျန့်ဘေးနားမှာသွားလှဲလိုက်တယ်
အိပ်နေမကျသူမို့အိပ်လို့မပျော်လူးလိုက်လိမ့်လိုက်နှင့်"ငါအိပ်မပျော်ဘူး"
"ကျစ်...."
သူ့ဘေးမှာလူးလိမ့်နေသူကိုလက်နဲ့ဖမ်းဆွဲပြီးဖက်ထားလိုက်သည်
YOU ARE READING
𝘽𝙧𝙞𝙙𝙚𝙜𝙧𝙤𝙤𝙢 𝑜𝑓 𝑡ℎ𝑒 𝐅𝐮𝐥𝐥 𝐌𝐨𝐨𝐧
Fanfictionကျုပ်နှလုံးသားတွေကနက်မှောင်ပြီးညို့အားကောင်းတဲ့အနီရောင်နှင်းဆီပန်းတွေနဲ့တူတယ် အခုနှင်းဆီပန်းတွေကခင်ဗျားလက်ထဲရောက်တိုင်းငြိုးနွမ်းကုန်တယ်ဆိုတော့ ကျုပ်နှလုံးသားကလည်းခင်ဗျားလက်ထဲမှာ~~~