ငါ့နှလုံးသားကအေးခဲနေပြီ

742 70 7
                                    

"ကျန့်.....ကျန့်ရဲ့အသံလေးတွေမကြားရတာကြာပြီနော်
ငါကျန့်ကိုမျက်နှာချင်းဆိုင်ပြီးပြောပြစရာတွေအများကြီးရှိတယ်
ကျန့်ဆီကတုံ့ပြန်မှုကိုလိုချင်တယ်
ဒါပေမဲ့ဆန္ဒမစောပါဘူး...စောင့်နေမှာပါ
လည်ပင်းကဒဏ်ရာကျက်တာကြာလှနေတာတောင်ကျန့်ကနိုးမလာသေးဘူး"

နှင်းဆီပန်းခင်းတွေကြားမှာအလောင်းကောင်လို့မခေါ်ထိုက်ရအောင်အိပ်ပျော်နေတဲ့သက်ရှိတစ်ဦးအလားရှောင်းကျန့်ခန္ဓာကိုယ်ကပက်လက်လေး
နေ့ဖြစ်စေညဖြစ်စေထိုနေရာကအလင်းရောင်ကောင်းကောင်းရနေတာပါဘဲ
ရင်ဘတ်ပေါ်ကိုယှက်တင်ထားတဲ့လက်နှစ်ဖက်ထဲကလက်တစ်ဖက်ကိုဆွဲကာဆန့်လိုက်ပြီး
ထိုလက်ကအဆန့်အတိုင်းဖြစ်သွားတော့ရိပေါ်ကရှောင်းကျန့်လက်မောင်းပေါ်ကိုခေါင်းအုပ်လိုက်သည်

"ကျန့်....ငါဒီလိုလှဲပြီးမင်းရင်ဘတ်ကြီးပေါ်လက်တင်အိပ်ရတာအရမ်းသဘောကျတယ်
လုံခြုံတယ်လို့ခံစားရတယ်
ငါတစ်ခါတစ်ခါရူးတော့မလိုဘဲ...ကျန့်အသံကိုကြားတာလေ
ကြားတဲ့အခါတိုင်းငါအသံနောက်ကိုလိုက်ပြီးရှာနေမိတာ
ငါအသံနောက်လိုက်လေအသံတွေကငါနဲ့ဝေးသွားလေ
တစ်ခါတစ်လေတောအုပ်အပြင်ဘက်ကိုတောင်ရောက်သွားတတ်တာ
နောက်မှငါသိလိုက်တာ...ကျန့်ကငါ့နှလုံးသားမွေ့ယာပေါ်မှာအိပ်နေတုန်းလေ
ကျန့်အိပ်တာအကြာကြီး...ဒီတစ်ခါနိုးလာရင်တော့ဘယ်တော့မှမအိပ်ခိုင်းတော့ဘူး.....ကျန့်ကလူဆိုးကောင်"

နှာဖျားလေးကိုလက်ညိုးလေးနဲ့ခပ်ဖွဖွထိတွေ့လို့ကြည်စယ်နေခဲ့တာတောင်သူဘာမှတုံ့ပြန်မှုမရခဲ့ပါဘူး

"ကျန့်ဆီကအရူးလေးလို့....ရေခဲတုံးလေးလို့
အခေါ်ခံရရင်ရူးလောက်အောင်တကယ်သဘောကျတယ်
ငါနောက်ကွယ်မှာဘယ်လောက်ဘဲစွမ်းအားကြီးပြီးထက်မြက်နေပါစေ
ကျန့်ကအရူးလေးလို့...ရေခဲတုံးလေးလို့မခေါ်တော့မှာစိုးလို့
ကျန့်ရှေ့မှာတော့အေးစက်ပြီးနုံအတဲ့ကြောင်လေးတစ်ကောင်အဖြစ်ရှိနေဦးမှာ"

သူစကားသံတွေရပ်တန့်သွားတိုင်းပတ်ဝန်းကျင်ကတစ်ခါတိတ်ဆိတ်သွားတယ်
ကြည့်ရတာသူတစ်ယောက်တည်းကပဲရှောင်းကျန့်ကိုအဖော်ပြုပေးနေရတာဖြစ်မယ်
ပျော်ပါတယ်လေ

𝘽𝙧𝙞𝙙𝙚𝙜𝙧𝙤𝙤𝙢 𝑜𝑓 𝑡ℎ𝑒 𝐅𝐮𝐥𝐥 𝐌𝐨𝐨𝐧Where stories live. Discover now