ပန်းရနံ့ကသူ့ပတ်ဝန်းကျင်မှာပျံ့လွင့်နေသည့်တိုင်နေရာအတိအကျကိုသူရှာလို့မတွေ့သေး
လေနဲ့အတူလွင့်ပါလာတဲ့ရနံ့မျိုးဆိုဘယ်လိုများလုပ်ရပါ့မလဲ
တည်နေရာကိုခန့်မှန်းဖို့ကခက်သွားပြီမလားဝုန်း!!!!!!
"အ့...…."
*ဒါသူ့အသံ....အသံကအောက်ဘက်ကလာတာဆိုတော့မြေအောက်ခန်းကထပ်ရှိသေးတယ်လို့ပြောချင်တာလား*
သူချက်ချင်းပင်ပျဉ်ချပ်တွေကိုတွေ့ရာနဲ့ရိုက်ချိုးကာအောက်ဘက်ကိုဆင်းလာခဲ့လေသည်
အောက်ဘက်ရောက်တော့အရမ်းကိုမှောင်မဲနေတယ်
ပတ်ပတ်လည်ကြည့်ကာသူရိပေါ်ကိုလိုက်ရှာနေမိသည်"ကျန့်....ကျန့်"
"မင်းဘယ်မှာလဲ"
"နောက်ဘက်ကိုလှည့်လိုက်....ပြီးရင်သုံးလှမ်းလောက်လျှောက်လာခဲ့လိုက်
အဲ့တာငါရှိတဲ့နေရာ....အန္တရာယ်များပါတယ်
မလာပါနဲ့"ရှောင်းကျန့်နောက်ဘက်ကိုလှည့်ကာသုံးလှမ်းလှမ်းပြီးသွားကြည့်တော့ဘာမှမမြင်ရ
ဒါပေမဲ့သူ့လက်ကအေးစက်တဲ့သံတိုင်တွေကိုစမ်းမိတယ်"မဟုတ်မှလွဲရော....မင်းကိုအကျဉ်းချထားတာလား"
ဖြောင်း(လက်ခုတ်တီးသံ)
ထိုလက်ခုတ်တီးသံရဲ့နောက်မှာသူရှေ့ပြုတ်ကျလာတဲ့အထုတ်တစ်ထုတ်နဲ့အတူအလင်းရောင်ကတစ်ခန်းလုံးကိုစူးထွက်အောင်ဝင်လာတော့တစ်ခန်းကိုပြတ်သားစွာရှင်းရှင်းလင်းလင်းမြင်နေရသည်
သူ့ရှေ့ပြုတ်ကျလာတဲ့အထုတ်ကိုသူဖွင့်မကြည့်နိုင်သေး
သံတိုင်တဖက်မှာရှိတဲ့သူရဲ့အခြေအနေကိုသာသူမြင်ချင်နေတယ်
"ဒီနေရာကိုရှာတွေ့လို့ငါမအံ့ဩဘူး
ဒီမှာမင်းရသင့်ရထိုက်တဲ့ဝေစု....ပြီးရင်တော့မင်းပြန်လို့ရပြီ""ပြန်မှာပါ....ကျုပ်တစ်ယောက်တည်းတော့မဟုတ်ဘူး"
"အဟက်....သူ့ကိုခေါ်သွားဖို့ဆိုရင်တော့စဉ်းစားမနေနဲ့"
"ကျန့်.....အား"
"ရေခဲတုံးလေး!!!!!.....အဲ့တာဘာဖြစ်တာ
လှောင်အိမ်ကဘာနဲ့လုပ်ထားတာလဲ"
BẠN ĐANG ĐỌC
𝘽𝙧𝙞𝙙𝙚𝙜𝙧𝙤𝙤𝙢 𝑜𝑓 𝑡ℎ𝑒 𝐅𝐮𝐥𝐥 𝐌𝐨𝐨𝐧
Fanfictionကျုပ်နှလုံးသားတွေကနက်မှောင်ပြီးညို့အားကောင်းတဲ့အနီရောင်နှင်းဆီပန်းတွေနဲ့တူတယ် အခုနှင်းဆီပန်းတွေကခင်ဗျားလက်ထဲရောက်တိုင်းငြိုးနွမ်းကုန်တယ်ဆိုတော့ ကျုပ်နှလုံးသားကလည်းခင်ဗျားလက်ထဲမှာ~~~