"မင်း....မင်းကွာ"
ရှောင်းကျန့်ဘာစကားမှမပြောနိုင်လောက်အောင်ပင်
ရိပေါ်ကိုသူ့ခန္ဓာကိုယ်ထဲဝင်လုမတတ်တင်းတင်းကျပ်ကျပ်ကိုဆွဲဖက်ထားခဲ့လိုက်သည်
"ဘာလို့....ဘာလို့....မင်းကိုသတ်မဲ့သူမှန်းသိနေခဲ့တာတောင်နွေးနွေးထွေးထွေးကြိုဆိုခဲ့ရတာလဲ"
"အဖြစ်မှန်တွေကိုငါသိလိုက်ရချိန်မှာငါကကျန့်ကိုငါ့နှလုံးသားတစ်ခုလုံးထုံထိုင်းနေလောက်အောင်ချစ်နေခဲ့မိပြီလေ
ချစ်ရသူအတွက်ရင်းရတာမို့ငါတွန့်ဆုတ်မနေပါဘူး"
"အချစ်ကမြင်ရတဲ့အရာမို့လို့ဒီလောက်တောင်ကိုယ့်ကိုကိုယ်မနှမြောနိုင်တော့လောက်တဲ့အထိရူးမူးနေရတာလဲ"
"အချစ်ဆိုတဲ့အရာကိုမမြင်ရဘူး
ဒါပေမဲ့ငါကစပြီးချစ်တတ်ချိန်မှာဘဲနစ်နစ်နဲနဲနာကျင်ခဲ့ဖူးပြီးပြီ,ပျော်ရွှင်ခဲ့ဖူးပြီးပြီ,ခံစားချက်ပေါင်းစုံကိုရခဲ့ပြီးပြီ
ငါ့ရဲ့ခံစားချက်ပေါင်းစုံပေးစွမ်းရာကကျန့်ဖြစ်နေခဲ့တာမို့
ငါကအချစ်ဆိုတဲ့အရာကိုရှာတွေ့ခဲ့ပြီလေ
ဒီအထုတ်လေးယူပြီးကောင်းကောင်းမွန်မွန်နေတော့နော်
မုဆိုးအလုပ်ကိုထပ်မလုပ်တော့နဲ့အန္တရာယ်များလွန်းပါတယ်
အရမ်းဆိုးဝါးတဲ့အကောင်မျိုးနဲ့တွေ့ရင်ငါရင်ကျိုးရချည်ရဲ့"
"အတူတူနေမယ်.....ကိုယ်မင်းကိုဒီကခေါ်ထုတ်သွားမယ်
မင်းဒီကမထွက်နိုင်သရွေ့ကိုယ်လည်းမထွက်ဘူး
ဒီပိုက်ဆံတွေကမင်းကိုသူ့လက်ထဲထည့်ပေးမှကိုယ်ပိုင်ရမယ့်ပိုက်ဆံတွေမို့ကိုယ်မလိုချင်တော့ဘူး"
"ခေါင်းမမာစမ်းပါနဲ့....သွားပါတော့"
"ခေါင်းမာနေတာမင်းလေ....ကိုယ်ပြောပြီးသား
မင်းသာကိုယ့်ကိုချစ်ရင်နှင်လွှတ်နေမှာမဟုတ်ဘူး
မင်းကကိုယ့်ကိုမချစ်လို့"
"ခက်ပါရောလား...."
"ခက်အောင်မင်းဘဲလုပ်နေတာလေကွာ....ခြေထောက်ကိုပြပါဦး
ကိုယ်ကြည့်ရအောင်ပတ်တီးအသစ်လဲသင့်ပြီထင်တယ်
သွေးတစ်ချို့တောင်ပြန်ထွက်လာပြီ
ကိုယ်အသစ်လဲပေးမယ်
ဒီမှာကိုယ်မင်းအတွက်ဝတ်စုံအသစ်လေးချုပ်လာတာလေ
မင်းသဘောကျလား"
ВЫ ЧИТАЕТЕ
𝘽𝙧𝙞𝙙𝙚𝙜𝙧𝙤𝙤𝙢 𝑜𝑓 𝑡ℎ𝑒 𝐅𝐮𝐥𝐥 𝐌𝐨𝐨𝐧
Фанфикшнကျုပ်နှလုံးသားတွေကနက်မှောင်ပြီးညို့အားကောင်းတဲ့အနီရောင်နှင်းဆီပန်းတွေနဲ့တူတယ် အခုနှင်းဆီပန်းတွေကခင်ဗျားလက်ထဲရောက်တိုင်းငြိုးနွမ်းကုန်တယ်ဆိုတော့ ကျုပ်နှလုံးသားကလည်းခင်ဗျားလက်ထဲမှာ~~~
