ငါသူနဲ့အတူနေချင်ရုံလေးပါ

860 90 2
                                        

"ငါ့ရဲ့ပုံရိပ်ယောင်နယ်မြေထဲကဘယ်သူကများထွက်ပြေးနိုင်မှာလဲ
အိမ်ပြင်အထိကျူးကျူးကျော်ကျော်ထွက်ပြေးရဲတဲ့သတ္တိက...လေးစားစရာကောင်းလွန်းနေပြီ
ငါကချုပ်ကိုင်သူဖြစ်နေတာမို့မင်းက....လေးလေးစားစားဆက်ဆံရမှာကိုအခုတော့သွေးနှောတစ်ကောင်ကြောင့်ငါ့ကိုချုပ်ကိုင်သူလို့တောင်မသတ်မှတ်နိုင်တော့ဘူးလား"

"ဟင့်အင်း....သူ့ကိုဘာမှမလုပ်ပါနဲ့
ထွက်ပြေးဖို့ငါစည်းရုံးခဲ့တာပါ....ငါအပြစ်တွေပါ
အကုန်ငါ့အပြစ်တွေချည်းပါဘဲ
ငါ့ကိုသတ်လိုက်
သူ့ကိုလွှတ်ပေးလိုက်ပါ....သူ့ကိုငါစည်းရုံးခဲ့တာမို့သူ့ကိုဘာမှမလုပ်ပါနဲ့လို့!!!!!"

"အဖြစ်သည်းလွန်းတယ်....မင်းလေးကိုအခန်းထဲထည့်ပြီးပိတ်ထားမယ်"

"မင်းကိုတော့ အဟက်....အဆင်ပြေသလိုပေါ့"

"သတ်ချင်သတ်လိုက်....သူ့ကိုတော့ဘာမှမထိနဲ့"

"ကျစ်....ဇယားရှုပ်တယ်"

သူတို့အနားယူနေတုန်းချုပ်ကိုင်သူသွေးနှောကရောက်လာကာသူ့ရင်ခွင်ထဲကရိပေါ်ကိုဆွဲယူခေါ်ထုတ်သွားပြီးသူ့ကိုတော့သတ်ဖို့ရွယ်နေခဲ့တယ်လေ

"မဟုတ်ဘူး....ငါ့ကိုသတ်လိုက်....သူ့ကိုဘာမှမလုပ်နဲ့"

"အရူးမင်းသေရင်ငါ့ကိုဘယ်သူကကာကွယ်ပေးတော့မှာလဲ"

"ဒါဆိုမင်းသေရင်ရောကိုယ်ကဘယ်သူ့ကိုကာကွယ်ပေးရမှာလဲ"

"အင့်...."

ရိပေါ်ကိုဆွဲမကာပခုံးပေါ်တင်ပြီးထမ်းလိုက်တယ်
ရှောင်းကျန့်ကိုတော့လည်ပင်းအင်္ကျီနားကဆွဲကာခေါ်ခဲ့လိုက်လေသည်

သူတို့ဒီအိမ်ထဲဘဲပြန်ရောက်ခဲ့ပြန်သည်

ဒီတစ်ခါမှာတော့ရှောင်းကျန့်ကိုအခန်းတစ်ခုထဲထည့်ကာရိပေါ်ကိုတော့သူထွက်လာတဲ့အခန်းထဲမှာဘဲထားလိုက်လေတယ်

"မင်းငါ့ဆီကဘာလိုချင်တာလဲ"

"ဒီစကားကိုအစောကြီးတည်းကမေးခဲ့သင့်တာကွာ
မင်းဆီမှာရှိတဲ့တောအုပ်ရဲ့နှလုံးသားပန်းတစ်ပွင့်ရယ်
ပြီးတော့မင်းရယ်"

𝘽𝙧𝙞𝙙𝙚𝙜𝙧𝙤𝙤𝙢 𝑜𝑓 𝑡ℎ𝑒 𝐅𝐮𝐥𝐥 𝐌𝐨𝐨𝐧Nơi câu chuyện tồn tại. Hãy khám phá bây giờ