ပန်းတွေကိုစားသုံးတဲ့ဧကရီကရူးနေတာကိုလူတိုင်းကသတိမထားမိဘူး
သတိထားမိရင်လည်းသတ်ပစ်တယ်နန်းတော်ထဲကပန်းတွေကအနှစ်သာရမရှိဘူး
တစ်မြို့လုံးကပန်းတွေကဘာလို့မှေးမှိန်ပြီးအရသာမရှိရတာလဲ
ပြည့်ဝတဲ့အဆီအနှစ်တွေကိုမစားသုံးရတာကြာပြီ"လှပစွာပွင့်လန်းတဲ့ပန်းတွေရဲ့အရသာကိုပျားပိတုန်းတွေထက်ငါကအရင်ဆုံးစားသုံးခွင့်ရှိသည်"
"ဧကရီကဘုရင်ဆုံးပြီးနောက်ပိုင်းဒီတိုင်းပြည်ကိုအုပ်ချုပ်လာတာဆိုတော့
ဒီအကျိုးအမြတ်လောက်တော့ခံစားခွင့်ရှိပါတယ်
ကျွန်တော်မျိုးခုတင်သွားဖမ်းလိုက်ပါမယ်
တစ်ကယ်လို့ဧကရီသာရတနာတစ်စုံကိုရမယ်ဆိုရင်လှပတဲ့အရင်းအမြစ်တွေကိုရှာဖို့လွယ်ကူနေမှာပါ
အဲ့ကောင်လေးတွေရောက်လာရင်ရတနာပါ,မပါ
ကျွန်တော်မျိုးစစ်ကြည့်ပါရစေ""အဟက်....မင်းတို့ကြိုက်သလိုလုပ်"
ဧကရီကလက်ခါပြလိုက်သည်
မင်းတို့သဘောဆိုသလိုပင်
-----------------"ပန်းတွေကဘယ်လိုယူယူလှပြီးသားတွေမို့ဒီဈေးအတိုင်းပါဘဲ
ကျွန်တော်တို့ပိုပြီးဈေးတင်မရောင်းပါဘူး""လမ်းဖယ်ကြစမ်း!!!!....လမ်းဖယ်ကြစမ်း!!!!
ဧကရီရဲ့အမိန့်တော်ပါတယ်"ဧကရီရဲ့အမိန့်တော်ဆိုတော့အကုန်လုံးကဒူးထောက်လျက်
မတ်တပ်ရပ်ကာကြောင်တောင်လေးဖြစ်နေသောရိပေါ်အားလက်ကနေဆွဲချလိုက်သည်"ခေါင်းငုံ့ထား"
လေသံတိုးတိုးလေးနဲ့ကပ်ပြောလိုက်တယ်
"ဧကရီကမင်းတို့နှစ်ယောက်ကိုနန်းတော်ထဲကိုပင့်ဖိတ်ခေါ်ဆောင်ဖို့အမိန့်ပေးလိုက်တယ်
ငါတို့နဲ့လိုက်ခဲ့ရမယ်
မင်းတို့ကိုအခွင့်အရေးပေးတဲ့အနေနဲ့မင်းတို့ဒီနေ့အဖို့ပန်းတွေရောင်းပြီးရင်မင်းတို့စိုက်ပျိုးထားတဲ့ပန်းတွေကိုလည်းတစ်နိုင်တစ်ပိုင်နန်းတော်ထဲယူလာဖို့နဲ့မနိုင်ဘူးဆိုနန်းတော်ကအကူအစေခံတစ်ယောက်ခေါ်ထားနိုင်ကြောင်းပါသေးတယ်
မင်းတို့အစေခံခေါ်မယ်ဆိုကြိုက်တဲ့သူကိုရွေး"

ВЫ ЧИТАЕТЕ
𝘽𝙧𝙞𝙙𝙚𝙜𝙧𝙤𝙤𝙢 𝑜𝑓 𝑡ℎ𝑒 𝐅𝐮𝐥𝐥 𝐌𝐨𝐨𝐧
Фанфикကျုပ်နှလုံးသားတွေကနက်မှောင်ပြီးညို့အားကောင်းတဲ့အနီရောင်နှင်းဆီပန်းတွေနဲ့တူတယ် အခုနှင်းဆီပန်းတွေကခင်ဗျားလက်ထဲရောက်တိုင်းငြိုးနွမ်းကုန်တယ်ဆိုတော့ ကျုပ်နှလုံးသားကလည်းခင်ဗျားလက်ထဲမှာ~~~