ကိုယ့်ရဲ့ပြောင်းလဲမှုတွေကမင်းကြောင့်လေ

694 78 8
                                        

ပန်းခြင်းလေးတွေဘေးမှာငုတ်တုတ်ထိုင်နေဆဲ
အချိန်အတော်ကြသည်အထိသူတို့ဆီကိုတစ်ယောက်မှရောက်မလာ

"ကျန့်....."

မော့ကြည့်ကာမျက်နှာငယ်လေးနဲ့ခေါ်တော့

"အဆင်ပြေသွားမှာပါကွာ"

"ဟေး.....မဒမ်ရဲ့အချစ်ဆုံးလေးရောမပါဘူးလား"

"အံမယ်....ပျောက်ချက်သားကောင်းသလားမမေးနဲ့
ဘယ်တွေရောက်နေရတာတုန်း
ငါ့မှာလွမ်းနေရတာ"

ရိပေါ်အံ့ဩသွားပြန်တယ်

"ဟမ်"

"ဒါကတော့ပျောက်နေတာမပြောနဲ့လေ
ဟောဒီကသတို့သားကိုကျုပ်ကသွားခိုးနေရတာကိုး"

ရှောင်းကျန့်မေးငေါ့ပြရာကြည့်လိုက်ပြီးတော့

"အဲ....ချစ်စရာလေး ချစ်စရာလေး
ဒီလိုကြည်လင်တဲ့အသားအရေပေါ်မှာတောက်ပတဲ့သွေးကြောတွေနဲ့သူကတော်ဝင်မျိုးနွယ်အထက်တန်းစားထဲကလား
ပြောစမ်း....ပြောစမ်း"

"မဟုတ်ရပါဘူးဗျာ....သူကတော်ဝင်မျိုးနွယ်ကမဟုတ်ဘူး
ဒီအတိုင်းသာမန်အရပ်သားလေးဘဲ
ကျုပ်အမျိုးသားဖြစ်သွားလို့ပိုပြီးလှနေရတာပေါ့"

"ကြွားဝါမနေပါနဲ့...တော်ပါ
နင်တို့ကဒီပန်းလေးတွေရောင်းတာလား....ဒီပန်းလေးတွေဆိုတော်တော်လှတာဘဲ
ဒါမျိုးတွေဘုရင်မနန်းတော်ဆီရောက်သွားရင်ကောင်းမှာ"

"မရောက်ချင်ပါဘူး
ရှုပ်ရှုပ်ယှက်ယှက်တွေ....ကျုပ်တော့အေးအေးချမ်းချမ်းလေးဘဲနေချင်တာပါ
မဒမ်ရယ်"

"ပြောတာကလွယ်တယ်
တစ်ကယ်တမ်းကျခက်ခဲတယ်လေ....နင်တို့အေးအေးချမ်းချမ်းနေချင်ရုံနဲ့မပြီးဘူး
ခိုင်ခိုင်မာမာအခြေရှိတဲ့အလုပ်တစ်ခုရှိဦးမှပေါ့
ဒါမှပိုက်ဆံဝင်မှာလေ"

"နောက်တော့ဖြစ်လာမှာပါဗျာ
အခုပန်းလေးတွေဝယ်မလို့မလား....ဘယ်နှပွင့်ယူမှာလဲ"

"ကျန့်…..အဲ့လိုဇွတ်ကြီးမရောင်းနဲ့လေ
သူလိုချင်တယ်လို့မပြောသေးဘဲဟာကို"

"ဟားဟား.....သူမလိုချင်တောင်သူ့သမီးလေးကတော့လိုချင်နေမှာဘဲလေ
ကဲပါကွာ...ကိုယ်သိပါတယ်"

𝘽𝙧𝙞𝙙𝙚𝙜𝙧𝙤𝙤𝙢 𝑜𝑓 𝑡ℎ𝑒 𝐅𝐮𝐥𝐥 𝐌𝐨𝐨𝐧Donde viven las historias. Descúbrelo ahora