အခုမှမျက်နှာသစ်လာတဲ့မိုးမျက်နှာလေးကအိပ်
ယာထစမို့ဖူးဖောင်းနေသည်။နှုတ်ခမ်းလေးကလည်းနီရဲနေသည်။မိုးကိုကြည့်ပြီးဘုန်းမာန်ရဲ့
ရင်ဘတ်ကြီးကတဒုန်းဒုန်းခုန်လာသည်။*ဘာလဲဟ…ဘာမှပြင်ဆင်ခြယ်သမထားတဲ့ဒီမျက်နှာလေးက…ဒီကလေးလိုလိုခွေးလိုလိုဘော
ပြားမကငါ့ကိုဖမ်းစားနေတာလား*ဘုန်းမာန်ခေါင်းခါရမ်းလိုက်မိသည်။ဒီလိုမဖြစ်ရဘူး။
“မင်းမနက်စာစားပြီးပြီလား"
“မစားရသေးဘူး"
“အဲဒါဆိုလာစား"
မိုးကစားပွဲပေါ်အဆင်သင့်ပြင်ထားတဲ့မနက်စာကိုစားမယ်လုပ်တော့ရော့ကီကသူ့ဘေးမှာအခန့်သားလာထိုင်သည်။မျက်နှာချင်းဆိုင်မှာထိုင်နေတာကသခင်လေးမာန်။
အိမ်ကြီးရှင်သခင်လေးနဲ့မနက်စာအတူစားရလို့ဂုဏ်ယူရမှာလား။ရော့ကီနဲ့အတူတူစားရလို့
စိတ်ဆင်းရဲရမှာလားမသိတော့ဘူး။ရော့ကီကစည်းကမ်းရှိသည့်ခွေးတစ်ကောင်ဖြစ်
သည်။သူ့ခွက်ထဲထည့်ပေးထားတာပဲစားသည်။ကျန်တာဘာမှမနှိုက်။တော်သေးတာပေါ့။သူက
ရော့ကီနဲ့ဘေးချင်းကပ်လျက်ထိုင်နေရတာ။မိုးစိတ်ညစ်ပြီးထမင်းကောင်းကောင်းစားမဝင်။ထို့
ကြောင့်သူ့မျက်စိရှေ့တွင်ရှိနေသည့်ငှက်ပျောသီးတစ်လုံးကိုကောက်ကိုင်လိုက်သည်။သီးမွှေးငှက်ပျောသီးကိုအခွံခွာပြီးစားမယ်အလုပ်
မှာအလိုက်ကန်းဆိုးမသိတဲ့မျက်လုံးကဘုန်းမာန်ဆီရောက်သွားသည်။ဘုန်းမာန်ကသူ့ကိုစိမ်
ပြေနပြေထိုင်ကြည့်နေသည်။မိုးအစကငှက်ပျောသီးကိုပုံမှန်စားမလို့ပါပဲ။သ
ခင်လေးမာန်ကသူ့ကိုကြည့်နေတာမြင်တော့ရှက်ရမ်းရမ်းပြီးပါးစပ်ထဲထိုးထည်လိုက်မိသည်။တစ်ထွာလောက်ရှိတဲ့ငှက်ပျောသီးကတစ်ဝက်
လောက်ဝင်သွားသည်။မိုးလည်းပြန်ထွေးထုတ်လို့မရတဲ့အတူတူငှက်ပျောသီးတုံးကိုပါးစောင်တစ်ဖက်ပို့ပြီးဝါးနေတော့ပါးတစ်ဖက်ကဖောင်းကားနေသည်။
“ချစ်စရာကောင်းလိုက်တာ"
ဘုန်းမာန်ဆီကမထင်မှတ်ဘဲထွက်လာတဲ့အသံ
ကြောင့်မိုးကြောင်သွားသည်။ချစ်စရာကောင်းတယ်ဆိုတာငါလား။မဟုတ်သေးဘူးထင်တယ်။မိုးဘေးဘီကိုလှည့်ကြည့်တော့အစေခံတွေပဲရှိသည်။
YOU ARE READING
My Cinderella boy (Completed)
General Fictionအရင်က fan fic အနေနဲ့ရေးခဲ့တာလေးကိုမြန်မာဗားရှင်းပြောင်းပြီးပြန်ရေးထားတာပါ။အရင်ရေးထားတဲ့ fic နဲ့မတူညီဘဲကွဲလွဲတာလေးတွေရှိကောင်းရှိနိုင်ပါတယ်🤗 >>>>>>> အရင်က fan fic အနေနဲ့ရေးခဲ့တာလေးကိုမြန်မာဗားရှင်းပြောင်းပြီးပြန်ရေးထားတာပါ။အရင်ရေးထားတဲ့ fic နဲ့မတူညီ...