မိုးကအတွင်းရေးမှူးသက်မင်းသူရိန်ကိုမေး
လိုက်သည်။“ဒါဆိုသူ့မှာဖြစ်နေတဲ့မူမမှန်တဲ့အရာတွေအ
ကုန်လုံးကစိတ္တဇဝေဒနာတွေလား”“အင်း…ဟုတ်တယ်”
“သူ့ရှေ့မှာအစားစားနေလို့ဝန်ထမ်းကိုအလုပ်
ထုတ်ပစ်တယ်ဆိုတာကကောဒီကိစ္စနဲ့ဆိုင်
လား”“ဆိုင်တာပေါ့…အယ်…မိုးလေးမင်းဘယ်လိုသိတာလဲအဲဒီကိစ္စကို”
“သူ့အကြောင်းလိုင်းပေါ်မှာရှာကြည့်ရင်သူဇီဇာ
ကြောင်တာတွေတခမ်းတနားနဲ့ရေးထားကြတာပဲ။သိတာပေါ့"မိုးပြောတော့သက်မင်းသူရိန်မချိပြုံးပြုံးသည်။
“လူတွေကသခင်လေးကိုဇီဇာကြောင်တယ်လို့
ပဲထင်ကြတယ်။အကြောင်းရင်းကိုသိရင်သခင်
လေးကသနားစရာကောင်းတယ်။သူ့မမကကင်
ဆာဆေးတွေသွင်းနေရတော့ဘာမှစားလို့မရဘူး။စားသမျှအကုန်ပြန်အန်တယ်။ဒါပေမဲ့သူ့မောင်လေးကိုစိတ်ချမ်းသာစေချင်တော့သူမစား
နိုင်တာကိုမပြောဘူး။သူ့မောင်လေးရှေ့မှာကျိတ်မှိတ်ပြီးစားပြတယ်။သူ့မောင်လေးအခန်းထဲကထွက်သွားတာနဲ့အိမ်
သာထဲမှာအကုန်အန်ထုတ်ပစ်ရတယ်။သခင်လေးကသိတယ်။သူ့မမစားပြီးရင်အန်တော့မှာကိုသိလို့သူကအခန်းထဲကထွက်ထွက်သွားတယ်။သူ့မမကအခန်းထဲမှာပျို့အန်နေတဲ့အချိန်သခင်
လေးကအခန်းပြင်ထွက်ပြီးငိုနေတယ်။ငါကတော့နှစ်ယောက်ကြားမှာဗျာများရတာပေါ့။ဒါပေမဲ့ငိုနေတဲ့လူကိုမချော့နိုင်ဘူး။အန်နေတဲ့လူကိုပဲပြုစုပေးနေရတယ်။သူ့မမလည်းဆုံးသွားရောသခင်လေးလည်းစိတ်ဒဏ်ရာရသွားတယ်။သူ့မမကဘာမှစားလို့မရတာကိုသူများတွေကအားပါးတရစားသောက်နေတာမြင်ရင်သူအရမ်းမုန်းတယ်။
သူလည်းသူများနဲ့ဘယ်တော့မှအတူတူမစားဘူး။သူစားရင်အမြဲတမ်းတစ်ယောက်တည်းပဲစားတာ။ထူးဆန်းတာကညီလေးနဲ့တွေ့တော့သူ့အကျင့်တွေပြောင်းလဲသွားတယ်။သူကညီ
လေးနဲ့ထမင်းတူတူစားချင်နေတယ်လေ”“သူအကျင့်မပြောင်းပါဘူး။ကျွန်တော်နဲ့တူတူ
စားရင်သူကတစ်လုပ်နှစ်လုပ်လောက်စားပြီး
ကျန်တာအကုန်လုံးကျွန်တော့်ကိုပဲစားခိုင်း
တာ"
![](https://img.wattpad.com/cover/309739420-288-k727309.jpg)
YOU ARE READING
My Cinderella boy (Completed)
General Fictionအရင်က fan fic အနေနဲ့ရေးခဲ့တာလေးကိုမြန်မာဗားရှင်းပြောင်းပြီးပြန်ရေးထားတာပါ။အရင်ရေးထားတဲ့ fic နဲ့မတူညီဘဲကွဲလွဲတာလေးတွေရှိကောင်းရှိနိုင်ပါတယ်🤗 >>>>>>> အရင်က fan fic အနေနဲ့ရေးခဲ့တာလေးကိုမြန်မာဗားရှင်းပြောင်းပြီးပြန်ရေးထားတာပါ။အရင်ရေးထားတဲ့ fic နဲ့မတူညီ...