မိုးကနေ့လည်ကျောင်းဆင်းချိန်တွင်ကျောင်းက
နေအပြီးပြန်လာခဲ့သည်။ကျောင်းကိုမနက်ခင်းတစ်ပိုင်းပဲတက်နေတာသုံးရက်ရှိပြီ။ဒီနေ့သူအလုပ်လုပ်ရမဲ့နေရာက ကစားကွင်း။မိုးကမစ်ကီမောက်ဝတ်စုံကိုဝတ်ပြီးကစားကွင်းထဲဝင်လာသည့်ကလေးတွေကိုကြိုဆိုရသည်။ကလေးတွေကသူနဲ့တွဲပြီးဓာတ်ပုံလာရိုက်ကြ
သည်။မိုးကဝင်လာသမျှလူတွေကိုလက်ပြနှုတ်
ဆက်နေရာကနေထူးဆန်းတဲ့လူသုံးယောက်
ကြောင့်အံ့သြသွားရသည်။ထိုလူသုံးယောက်
ကသူနဲ့အကိုညွန့်ဝိုင်းနောက်ယောင်ခံလိုက်
နေတဲ့လူတွေ။ရှင်းရှင်းပြောရရင်ကုန်တိုက်ထဲမှာစိန်ပြေးတမ်းကစားခဲ့တဲ့သူတွေ။ထိုလူသုံးယောက်ကမူးယစ်
မှောင်ခိုအရောင်းအဝယ်ကိုနေရာရွှေ့ပြီးလုပ်နေ
ကြသည်။အခုကလေးကစားကွင်းထဲတွင်အရောင်းအဝယ်လုပ်ရန်ရောက်လာကြခြင်းဖြစ်သည်။မိုးစိတ်ထဲကနေကြုံးဝါးလိုက်သည်။တွေ့ကြသေးတာပေါ့။ဒီတစ်ခါလက်ပူးလက်ကြပ်မိအောင်ဖမ်းပြမယ်။(အရင်တစ်ခါကတော့ခွေးပြေးဝက်ပြေးပြေးခဲ့ရတယ်😏)
မိုးကအကိုညွန့်ဝိုင်းဆီဖုန်းလှမ်းဆက်လိုက်
သည်။အကိုညွန့်ဝိုင်းက-“ငါအခုအရေးကြီးကိစ္စတစ်ခုနဲ့အဝေးကိုရောက်
နေတာကွ။မူးယစ်အထူးတပ်ဖွဲ့ကိုငါဆက်သွယ်
ပေးမယ်။သူတို့အဖွဲ့ထဲကလာနိုင်တဲ့လူတွေကိုလွှတ်လိုက်မယ်။မင်းစောင့်ကြည့်ထားလိုက်"“ဟုတ်ကဲ့အကို"
မိုးကလူဆိုးသုံးယောက်သွားရာနောက်ကိုမသိ
မသာနဲ့လိုက်ကြည့်နေသည်။(၁၅)မိနစ်လောက်နေတော့သူ့ဆီကိုဖုန်းဝင်လာသည်။
YOU ARE READING
My Cinderella boy (Completed)
General Fictionအရင်က fan fic အနေနဲ့ရေးခဲ့တာလေးကိုမြန်မာဗားရှင်းပြောင်းပြီးပြန်ရေးထားတာပါ။အရင်ရေးထားတဲ့ fic နဲ့မတူညီဘဲကွဲလွဲတာလေးတွေရှိကောင်းရှိနိုင်ပါတယ်🤗 >>>>>>> အရင်က fan fic အနေနဲ့ရေးခဲ့တာလေးကိုမြန်မာဗားရှင်းပြောင်းပြီးပြန်ရေးထားတာပါ။အရင်ရေးထားတဲ့ fic နဲ့မတူညီ...