မိုးနဲ့သက်မင်းသူရိန်အိမ်ထဲကိုပြန်ဝင်လာကြသည်။မိုးကငိုထားတာမို့မျက်လုံးတွေကနီရဲနေသည်။သူ့အဖေသိမှာစိုးလို့ရှောင်ဖယ်ချင်ပါတယ်ဆိုမှအလိုက်ကန်းဆိုးမသိတဲ့သူဌေးလေးမာန်က-
“ဘေဘီဘာဖြစ်တာလဲ။မျက်လုံးတွေရဲနေတယ်"
“အမှုံဝင်သွားလို့"
“နှစ်ဖက်လုံးဝင်သွားတာလား။နှစ်ဖက်လုံးနီရဲနေတယ်"
“ခင်ဗျားဗျာ…လျှာကိုရှည်တယ်”
မိုးသူ့အခန်းထဲဝင်ပြီးတံခါးပိတ်လိုက်တော့ဘုန်းမာန်နောက်ကလိုက်လာပြီးတွန်းဖွင့်သည်။မိုးအ
မြင်ကတ်ကတ်နဲ့လော့ချပစ်လိုက်သည်။ဘုန်းမာန်ကတံခါးကိုတဒုန်းဒုန်းထုသည်။“ဘေဘီ…ဘေဘီ"
“ဒုန်းဒုန်း…"
“ဘေဘီတံခါးဖွင့်ဦး”
မိုးစိတ်တိုသထက်တိုသွားသည်။
*သေနာကြီး…ငါ့အဖေရှေ့လာပြီးဘေဘီခေါ်
နေတယ်*“ဟေ့လူကြီး…ခင်ဗျားကိုယ့်အိမ်ကိုပြန်တော့။
ကျွန်တော့်ကိုမနှောင့်ယှက်နဲ့"သက်မင်းသူရိန်ကလတ်တလောမိုးရဲ့စိတ်အ
ခြေအနေကိုသိနေတာမို့ဘုန်းမာန်ကိုလာဆွဲခေါ်သည်။“သခင်လေးကျွန်တော်တို့ပြန်ရအောင်"
“ဘေဘီ့ကိုကျောင်းလိုက်ပို့ချင်တယ်"
“သြော်…သခင်လေးကလည်းသူတစ်သက်လုံးသူ့ဟာသူကျောင်းသွားလာတာပါ။သူသွားတတ်ပါတယ်။လာပါပြန်ရအောင်"
သက်မင်းသူရိန်ကဘုန်းမာန်ကိုဆွဲခေါ်သွားသည်။သူတို့နှစ်ယောက်ပြန်သွားတော့မိုးအဝတ်အစားမြန်မြန်လဲပြီးဘတ်စ်ကားဂိတ်ကိုပြေးသည်။သူကျောင်းကိုစောစောသွားရမည်။သူတက်နေတဲ့ကျောင်းတော့မဟုတ်။သူငယ်ငယ်ကနေခဲ့တဲ့အထက်တန်းကျောင်း။ဟိုရောက်တော့ဂီတအ
ခန်းထဲဝင်ပြီးပတ္တလားတီးလေ့ကျင့်နေတော့သည်။
VOUS LISEZ
My Cinderella boy (Completed)
Fiction généraleအရင်က fan fic အနေနဲ့ရေးခဲ့တာလေးကိုမြန်မာဗားရှင်းပြောင်းပြီးပြန်ရေးထားတာပါ။အရင်ရေးထားတဲ့ fic နဲ့မတူညီဘဲကွဲလွဲတာလေးတွေရှိကောင်းရှိနိုင်ပါတယ်🤗 >>>>>>> အရင်က fan fic အနေနဲ့ရေးခဲ့တာလေးကိုမြန်မာဗားရှင်းပြောင်းပြီးပြန်ရေးထားတာပါ။အရင်ရေးထားတဲ့ fic နဲ့မတူညီ...