သက်မင်းသူရိန်ကမိုးသက်နောင်ရဲ့ယူနီဖောင်းကိုကြယ်သီးတွေဖြုတ်နေသည်။
“မင်းဘာလုပ်တာလဲ"
“ရေချိုးမှာမဟုတ်လား။အင်္ကျီချွတ်ပေးမယ်"
“မချွတ်နဲ့"
“အကိုကလည်းယောက်ျားလေးချင်းကိုရှက်နေ
ပြန်ပြီ"“ရှက်တာမဟုတ်ဘူး။ငါ့ခြေငါ့လက်အကောင်း
ကြီး။မင်းလုပ်ပေးစရာမလိုဘူး"“ကျွန်တော်ကလုပ်ပေးချင်လို့ပါ"
“လုပ်ပေးချင်ရင်လက်ထိပ်ဖြုတ်ပေး"
မိုးသက်နောင်ငြင်းနေတဲ့ကြားကအင်္ကျီကြယ်သီး
တွေအကုန်ဖြုတ်ပြီးသွားပြီ။သက်မင်းသူရိန်ကမိုးသက်နောင်ရဲ့ယူနီဖောင်းအင်္ကျီကိုဆွဲချွတ်လိုက်
သည်။လက်နှစ်ဖက်ကလက်ထိပ်ခတ်ထားတော့လက်ကောက်ဝတ်နားမှာတစ်နေသည်။သက်မင်းသူရိန်ကမိုးသက်နောင်ရဲ့ပုခုံးသားလေးတွေကိုထိတွေ့ပွတ်သပ်နေရင်း-“အကို့အသားအရည်လေးကချောမွတ်နေတာပဲ”
“ဟေ့ကောင်…မင်းငါ့လိုအဘိုးကြီးကိုဘာတွေတပ်မက်နေတာလဲ"
“အကိုကအသက်ကြီးပေမဲ့နုပျိုနေတုန်းပဲ"
“သူရိန်မင်းတော်တော့ကွာ…ငါရေချိုးချင်နေပြီ"
သက်မင်းသူရိန်ကမိုးသက်နောင်လက်ကလက်
ထိပ်ကိုဖြုတ်ပေးလိုက်သည်။မိုးသက်နောင်ကသူ့လက်နှစ်ဖက်လွတ်သွားတာနဲ့သူရိန့်မေးရိုးကိုလက်သီးနဲ့ပင့်ထိုးလိုက်သည်။မထင်မှတ်ဘဲခံလိုက်ရတာမို့သူရိန်တစ်ပတ်လည်ပြီးကြမ်းပြင်ပေါ်ပစ်လဲသွားသည်။လူကောင်
သေးပေမဲ့လက်သီးကအားပြင်းချက်။မိုးသက်နောင်ကသူ့သေနတ်ကိုကောက်ကိုင်ပြီးသူရိန့်ကိုချိန်လိုက်သည်။“မင်းငါ့အိမ်ထဲကနေအခုထွက်သွား။မင်းမျက်နှာကိုငါမမြင်ချင်ဘူး”
သူရိန်ကပါးကိုလက်နဲ့ပွတ်ပြီးလဲနေရာကနေထရပ်လိုက်သည်။သေနတ်ပြောင်းကသူ့ရင်ဝကိုချိန်ထားသည်။
“ထွက်သွားလို့ငါပြောနေတယ်လေ"
သူရိန်တစ်ချက်ပြုံးလိုက်သည်။ဘာပဲဖြစ်ဖြစ်သူ့
ဘက်ကအကို့ကိုရအောင်ယူမယ်လို့ဆုံးဖြတ်
ထားပြီးပြီ။သူကသေနတ်ကိုင်ထားတဲ့မိုးသက်နောင်ရဲ့လက်ကောက်ဝတ်ကိုလျှပ်တပြတ်ဖမ်းချုပ်ပြီးလက်ကိုလိမ်ချိုးလိုက်ရာသေနတ်ကအောက်ကိုလွတ်ကျသွားသည်။မိုးသက်နောင်ရဲ့ခန္ဓာကိုယ်လေးကိုစွေ့ခနဲ့မြှောက်ချီပြီးခုတင်ပေါ်ကို
ပစ်တင်လိုက်သည်။
YOU ARE READING
My Cinderella boy (Completed)
General Fictionအရင်က fan fic အနေနဲ့ရေးခဲ့တာလေးကိုမြန်မာဗားရှင်းပြောင်းပြီးပြန်ရေးထားတာပါ။အရင်ရေးထားတဲ့ fic နဲ့မတူညီဘဲကွဲလွဲတာလေးတွေရှိကောင်းရှိနိုင်ပါတယ်🤗 >>>>>>> အရင်က fan fic အနေနဲ့ရေးခဲ့တာလေးကိုမြန်မာဗားရှင်းပြောင်းပြီးပြန်ရေးထားတာပါ။အရင်ရေးထားတဲ့ fic နဲ့မတူညီ...