မိုးဘက်ကအသံတိတ်နေတော့ဘုန်းမာန်က
ထပ်မေးသည်။“ဟေ့မင်းလာမှာလား…မလာဘူးလား"
“ကျွန်တော်အလုပ်ပြီးတဲ့အထိလုပ်လို့မရဘူးလားဗျာ”
“ဈေးမဆစ်နဲ့။ငါ့အတွင်းရေးမှူးအဲဒီဆိုင်ရှေ့ရောက်နေပြီ။အခုလိုက်ခဲ့”
ဘုန်းမာန်ဘက်ကဖုန်းချသွားသည်။မိုးဘက်က
တော့ငိုချင်းချချင်စိတ်ပေါက်သွားသည်။*အဲတော့ငါကဘယ်လိုလုပ်ပြီးလုပ်အားခရတော့မှာလဲ။သူများကိုစိတ်ဆင်းရဲအောင်များလုပ်တတ်လိုက်တာ dog father ကြီးရယ်။မိုးစိတ်ညစ်နေတုန်းဆိုင်ထဲကိုအတွင်းရေးမှူးသက်
မင်းသူရိန်ဝင်လာသည်။သက်မင်းသူရိန်ကဆိုင်တာဝန်ခံဆီသွားပြီးပြောလိုက်တာက-“ငါဒီကောင်လေးကိုသူဌေးဆီခေါ်သွားမယ်။မင်းသူ့ကိုဒီနေ့အတွက်လုပ်အားခရှင်းပေးလိုက်"
မိုးသက်မင်းသူရိန်ကိုတအံ့တသြကြည့်မိသည်။သက်မင်းသူရိန်ကသူ့အတွေးကိုသိနေတာများလား။ဘာပဲပြောပြောသူ့လုပ်အားခပဲလေ။သူ
ယူရမှာပေါ့။မငြင်းပါဘူး။>>>>>>>>>
မိုး ဘုန်းမာန်ရုံးခန်းထဲကိုရောက်လာသည်။အခန်းထဲမှာစားစရာတွေအဆင်သင့်ပြင်ထားသည်။အကြီးဆုံးပန်းကန်ပြားကြီးနဲ့ထည့်ထားတာကငါးကင်ကြီးပဲ။ဘုန်းမာန်ကမိုးကိုရောက်တာနဲ့စားခိုင်းတော့သည်။မိုးစားနေတုန်းဘုန်းမာန်က-
“ငါးကင်စမ်းစားကြည့်ပါလား။အရိုးမပါအောင်
ငါသေချာဖယ်ပေးမယ်”မိုးဘုန်းမာန်မျက်နှာကိုစိုက်ကြည့်မိသည်။
“ကျွန်တော်မစားချင်တာကိုဘာလို့အတင်းကျွေး
နေတာလဲ"
CZYTASZ
My Cinderella boy (Completed)
General Fictionအရင်က fan fic အနေနဲ့ရေးခဲ့တာလေးကိုမြန်မာဗားရှင်းပြောင်းပြီးပြန်ရေးထားတာပါ။အရင်ရေးထားတဲ့ fic နဲ့မတူညီဘဲကွဲလွဲတာလေးတွေရှိကောင်းရှိနိုင်ပါတယ်🤗 >>>>>>> အရင်က fan fic အနေနဲ့ရေးခဲ့တာလေးကိုမြန်မာဗားရှင်းပြောင်းပြီးပြန်ရေးထားတာပါ။အရင်ရေးထားတဲ့ fic နဲ့မတူညီ...