ဘုန်းမာန်ရုံးခန်းထဲကိုမိန်းကလေးတစ်ယောက်
ဝင်လာသည်။သူမကမိုးရှေ့မှာလင်ပန်းလေးချပေးသည်။လင်ပန်းထဲမှာကဒိန်ချဉ်ဘူးပါသည်။ရေခဲချောင်းပါသည်။ရေခဲမုန့်ဘူးမျိုးပါသည်။မိုးကရေခဲမုန့်ဘူးတွေဖွင့်ကြည့်သည်။စတော်
ဘယ်ရီ၊နို့၊ပိန်းဥ၊ဒူးရင်း၊ထောပတ်သီး။မိုးကပိန်းဥရေခဲမုန့်ယူစားပြီးကျန်တာတွေပြန်ပိတ်ထား
လိုက်သည်။ရေခဲမုန့်စားနေတဲ့မိုးကို Rocky ကလျှာလေးတစ်လစ်နဲ့မော့ကြည့်နေသည်။သူ့ရဲ့နားရွက်ဖားဖားလေးတွေကသူ့မျက်နှာပေါ်ပြန်ဝဲကျနေသည်။အညိုရောင်အမွှေးပွပွလေးနဲ့ချစ်စရာကောင်းလှတဲ့ Rocky။မိုးကတော့နာမည်ကြားရုံနဲ့တင်စောက်မြင်တွေကပ်နေသည်။
“ဘာလဲရေခဲမုန့်စားချင်တာလား။မရဘူး။ဒီထဲမှာမင်းဖို့မပါဘူး”
မဆီမဆိုင်ခွေးကိုရန်လုပ်နေတဲ့ဘောပြားလေးကိုကြည့်ပြီးဘုန်းမာန်စိတ်ချမ်းသာနေမိသည်။
သူဘာလို့ပျော်ရွှင်နေရတာလဲ။ဒီဘောပြားလေးရယ်၊ဟိုကလေးမျက်ခွက်နဲ့ကောင်လေးရယ်၊သူတို့နှစ်ယောက်နဲ့တွေ့လိုက်ရင်ခံစားချက်တွေကဘာလို့ထပ်တူညီနေရတာလဲ။“ဒေါက်…ဒေါက်…ဒေါက်”
“ဝင်ခဲ့"
အခန်းထဲကိုမိန်းမလျှာတစ်ယောက်ဝင်လာ
သည်။“သူဌေးလေးမှာထားတဲ့ဖိနပ်ရပါပြီ"
“အဲဒါဆို…ဒီဘောပြားလေးကိုဒေါက်ဖိနပ်စီးပြီးလမ်းလျှောက်တတ်အောင်သင်ပေးလိုက်"
“ဟမ်”
မိုးစားလက်စရေခဲမုန့်မြို့မကျတော့ပေ။
“ကျွန်တော်ကဘာလို့ဒေါက်ဖိနပ်စီးရမှာလဲ"
“နင့်ပုံစံတောကျလွန်းလို့စတိုင်ကျအောင်သင်
ပေးမလို့"
YOU ARE READING
My Cinderella boy (Completed)
General Fictionအရင်က fan fic အနေနဲ့ရေးခဲ့တာလေးကိုမြန်မာဗားရှင်းပြောင်းပြီးပြန်ရေးထားတာပါ။အရင်ရေးထားတဲ့ fic နဲ့မတူညီဘဲကွဲလွဲတာလေးတွေရှိကောင်းရှိနိုင်ပါတယ်🤗 >>>>>>> အရင်က fan fic အနေနဲ့ရေးခဲ့တာလေးကိုမြန်မာဗားရှင်းပြောင်းပြီးပြန်ရေးထားတာပါ။အရင်ရေးထားတဲ့ fic နဲ့မတူညီ...