လေဆိပ်ကနေအိမ်ပြန်လာတဲ့လမ်းမှာမိုးက-
“သခင်လေးမာန်…ခင်ဗျားလူတွေဘယ်ကိုမောင်းနေတာလဲ"
“ကိုကို့အိမ်လေ"
“ခင်ဗျားအိမ်မသွားချင်ပါဘူး။ကျွန်တော့်အိမ်အ
ရင်ပြန်မယ်။အဖေနဲ့အိမ်ကိုလွမ်းလှပြီ”“အဖေနဲ့တွေ့ရမှာပါဘေဘီရယ်။ဘေဘီ့အဖေကိုမပူပါနဲ့။အတွင်းရေးမှူးကအစစအရာရာဂရုစိုက်ထားပါတယ်"
ဘုန်းမာန်ကသူ့အကိုဆီဖုန်းလှမ်းဆက်သည်။
“အကိုကျွန်တော်တို့ရောက်တော့မယ်။လန်း
လန်းကောအိမ်ရောက်နေပြီလား"“ရောက်နေပြီ”
“အတွင်းရေးမှူးကော"
“ရောက်နေပြီ"
မိုးကဘုန်းမာန်ကိုလှည့်ကြည့်သည်။
“အိမ်မှာလူစုံတက်စုံနဲ့ဘာလုပ်ကြမလို့လဲ"
“မင်းပြန်လာတာကိုကြိုဆိုပွဲလုပ်မလို့လေ"
“ခင်ဗျားကတော်တော်အလုပ်ရှုပ်တဲ့လူပဲဗျာ"
မိုးကသူ့ဘဝရဲ့ရှေ့ရေးကံကြမ္မာကိုကြိုမမြင်မိတော့စိတ်အေးလက်အေးနဲ့လိုက်လာခဲ့သည်။အကယ်၍ကြို ပြီးတော့သာမြင်ခဲ့မယ်ဆိုရင်ကားပေါ်ကနေခုန်ချလောက်သည်။
>>>>>>>>>
မိုးနဲ့ဘုန်းမာန်အိမ်ထဲကိုဝင်လာခဲ့သည်။ဧည့်ခန်းထဲတွင်အတွင်းရေးမှူးသက်မင်းသူရိန်၊စေတမာန်နဲ့လန်းလန်းတို့ကသူတို့ကိုထိုင်စောင့်နေကြသည်။တစ်လမ်းလုံးအေးဆေးနေခဲ့တဲ့မိုးရဲ့စိတ်ကဧည့်ခန်းထဲဝင်လိုက်မှရုတ်တရတ်ကြီးလေးလံထိုင်းမှိုင်းသွားသည်။စိတ်ခံစားမှုကရုတ်ချည်း
ပြောင်းလဲသွားတာကိုဘာကြောင့်ရယ်လို့မိုးမသိ။ဘုန်းမာန်ကသူ့ကိုဆွဲခေါ်လာတာကြောင့်ဆက်
တီစားပွဲဆီရောက်လာသည်။လန်းလန်းဘေးတွင်မိုးကိုထိုင်ခိုင်းပြီးဘုန်းမာန်ကစားပွဲခင်းအောက်ကစာအုပ်တစ်အုပ်ကိုဆွဲထုတ်လိုက်သည်။စာအုပ်ကိုမြင်တော့မိုးစိတ်ထဲမြင်ဖူးသလိုလိုဟု
အောက်မေ့မိသည်။ဘုန်းမာန်ကစာအုပ်ကိုလှန်
ပြီးသူတို့နှစ်ယောက်ရှေ့ချပြလိုက်သည်။
YOU ARE READING
My Cinderella boy (Completed)
General Fictionအရင်က fan fic အနေနဲ့ရေးခဲ့တာလေးကိုမြန်မာဗားရှင်းပြောင်းပြီးပြန်ရေးထားတာပါ။အရင်ရေးထားတဲ့ fic နဲ့မတူညီဘဲကွဲလွဲတာလေးတွေရှိကောင်းရှိနိုင်ပါတယ်🤗 >>>>>>> အရင်က fan fic အနေနဲ့ရေးခဲ့တာလေးကိုမြန်မာဗားရှင်းပြောင်းပြီးပြန်ရေးထားတာပါ။အရင်ရေးထားတဲ့ fic နဲ့မတူညီ...