အခန်း(၃၂)
မိုးကျောင်းကိုရောက်သည်နှင့်အတန်းထဲဝင်လာခဲ့သည်။မနက်ခင်းအတွက်နောက်ဆုံးစာသင်ချိန်ပဲ။ဆရာမဝင်လာတော့ဆရာမက-
“မင်းတို့တွေစာမေးပွဲကြီးဖြေဖို့တစ်လခွဲပဲလိုတော့တယ်။ကျောင်းခေါ်ချိန်မပြည့်တဲ့ကလေး
တွေအခုကစပြီးကျောင်းမှန်မှန်တက်ပေးကြပါ"ဆရာမစကားကမိုးကိုသတိပေးလိုက်သလိုဖြစ်သွားသည်။သူဘုန်းမာန်ကိုဆင်ခြေပေးခဲ့သည့်စကားကနိမိတ်ပြေးသားပဲ။ကျောင်းမှန်မှန်တက်
ရမယ်ဆိုတော့အလုပ်ခိုးလုပ်လို့မရတော့ဘူး။ဒါဆိုအဖေ့အတွက်ဆေးဖိုးရှာရတာနှောင့်နှေးဦးတော့မှာပဲငါဘယ်လိုလုပ်ရမလဲ။ညနေခင်းထမင်းစားနားချိန်တွင်မိုးကင်တင်းကိုလေးကန်သောခြေလှမ်းတွေနဲ့ထွက်လာခဲ့
သည်။ခေါင်းငုံ့ပြီးလမ်းလျှောက်နေတာမို့သူ့ရှေ့
ကလူတစ်ယောက်ပိတ်ရပ်နေတာကိုမမြင်။“ဒီမှာခင်ဗျ"
“ဟင်"
မိုးမော့ကြည့်လိုက်တော့မမြင်ဖူးပေမဲ့ရင်းနှီးနေတဲ့ပုံရိပ်တစ်ခု။သခင်လေးမာန်ရဲ့သက်တော်စောင့်တွေထဲကတစ်ယောက်။မိုးစိတ်ညစ်သွား
သည်။“ဘာတုန်းဗျာ"
“သခင်လေးမာန်ကထမင်းဘူးပို့ခိုင်းလို့ပါ"
မိုးလက်ထဲကိုထမင်းဘူးလေးပေးပြီးထိုလူပြန်
ထွက်သွားသည်။မိုးစိတ်တွေစောစောကထိနောက်ကျိနေတုန်းပဲ။အဆင့်သုံးဆင့်ပါတဲ့လေးထောင့်ထမင်းဘူးလေးလက်ထဲရောက်လာတော့ခေါင်းကကြည်သွားသည်။အဝါအစိမ်းအပြာအရောင်သုံးမျိုးဆင့်ထားတဲ့လေးထောင့်ဖိုက်ဘာထမင်းဘူးလေး။အစားအသောက်ကလူနဲ့တည့်သည်။
YOU ARE READING
My Cinderella boy (Completed)
General Fictionအရင်က fan fic အနေနဲ့ရေးခဲ့တာလေးကိုမြန်မာဗားရှင်းပြောင်းပြီးပြန်ရေးထားတာပါ။အရင်ရေးထားတဲ့ fic နဲ့မတူညီဘဲကွဲလွဲတာလေးတွေရှိကောင်းရှိနိုင်ပါတယ်🤗 >>>>>>> အရင်က fan fic အနေနဲ့ရေးခဲ့တာလေးကိုမြန်မာဗားရှင်းပြောင်းပြီးပြန်ရေးထားတာပါ။အရင်ရေးထားတဲ့ fic နဲ့မတူညီ...