“မင်းဆေးရုံမှာဘာလုပ်နေတာလဲ"
ဘုန်းမာန်ကမေးတော့မိုးကလည်းပြန်မေးလိုက်သည်။
“ခင်ဗျားကကောဘာလုပ်နေတာလဲ"
“မင်းကိုယ့်အလုပ်ရှင်ကိုအဲဒီလိုပြန်ပြောတယ်
ပေါ့"မိုးသတိဝင်သွားသည်။ဟုတ်သားပဲ။ဘုန်းမာန်
ကသူ့ရဲ့အလုပ်ရှင်ပဲ။ဒါပေမဲ့မိုးရဲ့စိတ်ထဲမှာဘုန်းမာန်ကို dog father လို့ပဲမြင်နေသည်။ကလန်
ကဆန်စကားလေးတွေကလည်း auto ထွက်
လာသည်။“ကျွန်တော်ကအချိန်ပိုင်းအလုပ်သမားပဲ။ခင်ဗျားလက်မခံရင်မလုပ်ရုံပေါ့"
“မင်းစကားပြောတာဟိုဟာလေးနဲ့တူတယ်"
“ဘယ်ဟာလေးလဲ"
“ငါ့ရဲ့စင်ဒရဲလားလေး"
“ဘာဗျ"
“အာ…ထားလိုက်တော့။အဲဒီဘောပြားလေးက
တော်တော်ကိုအမြင်ကတ်ဖို့ကောင်းတယ်။မင်းအကြောင်းပဲပြောရအောင်"“အင်"
ကိုယ့်ကိုအမြင်ကတ်တယ်ဆိုတဲ့အကြောင်းကိုယ့်ရှေ့မှာပဲပြောနေတာမုန်းစရာကောင်းလိုက်
တဲ့လူကြီး။ဘုန်းမာန်ကမိုးစောစောကမေးတဲ့
မေးခွန်းကိုဖြေသည်။“အဲဒီနေ့ကငါဆေးရုံကိုလူနာသွားကြည့်တာ"
“ကျွန်တော်လည်းလူနာသွားကြည့်တာပဲ"
“ငါ့ခွေးကမင်းကိုမြင်ရင်ဘာလို့အမြီးနှံ့နေတာလဲ"
“သိဘူးလေ"
မိုးဗြောင်ငြင်းပစ်လိုက်သည်။အမှန်အတိုင်းမှ
ဝန်ခံလို့မဖြစ်တာ။ Rocky ဆိုတဲ့ကောင်လူစကားမပြောတတ်လို့တော်သေးဟုအောက်မေ့
ရသည်။“Rocky ကမင်းကိုအရမ်းခင်နေတော့ငါလည်း
မင်းကိုအခွင့်အရေးပေးရမှာပေါ့။မင်းအတည်
တကျအလုပ်တစ်ခုမလုပ်ချင်ဘူးလား"“အတည်တကျအလုပ်ကအခုလုပ်လို့မရဘူး"
“ဘာဖြစ်လို့လဲ"
“ကျွန်တော်ကျောင်းမပြီးသေးဘူး"
“ကျောင်းမပြီးသေးတာကိုမင်းဒီဆောက်လုပ်
ရေးလုပ်ငန်းခွင်မှာဘာလို့အလုပ်လုပ်နေတာလဲ"
YOU ARE READING
My Cinderella boy (Completed)
General Fictionအရင်က fan fic အနေနဲ့ရေးခဲ့တာလေးကိုမြန်မာဗားရှင်းပြောင်းပြီးပြန်ရေးထားတာပါ။အရင်ရေးထားတဲ့ fic နဲ့မတူညီဘဲကွဲလွဲတာလေးတွေရှိကောင်းရှိနိုင်ပါတယ်🤗 >>>>>>> အရင်က fan fic အနေနဲ့ရေးခဲ့တာလေးကိုမြန်မာဗားရှင်းပြောင်းပြီးပြန်ရေးထားတာပါ။အရင်ရေးထားတဲ့ fic နဲ့မတူညီ...