ဘုန်းမာန်ကအတွင်းရေးမှူးနှင့်အစေခံတွေအ
ကုန်လုံးကိုထွက်သွားခိုင်းလိုက်သည်။နှစ်ယောက်တည်းကျန်ခဲ့တော့မှမိုးကိုစားလို့ရပြီဟုပြောသည်။မိုးကဘုန်းမာန်ကိုကြည့်ပြီးသူ့အမေပြောခဲ့သည့်စကားများကိုမယုံနိုင်တော့ပေ။သူ့အမေပြောတာကသခင်လေးမာန်ကသူ့ရှေ့
မှာအစားစားနေတာမကြိုက်ဘူးတဲ့။မိုးကတော့ဘုန်းမာန်နဲ့တွေ့ရင်အစားအသောက်တွေချည်းစားနေရတာပဲ။ဘယ်နားမှာမှမကြိုက်တဲ့ပုံစံမတွေ့ရပါဘူး။ဘုန်းမာန်ရှေ့မှာစားရသောက်ရတာကျင့်သားရနေပြီးသားမို့မိုးကဘုန်းမာန်စားခွင့်ပြုလိုက်တာနဲ့အားမနာတမ်းစားပစ်လိုက်တော့သည်။ဘုန်းမာန်ကမိုးစားနေတာကိုပြုံးပြုံးကြီးထိုင်ကြည့်နေသည်။ဒီကောင်လေးစားနေတဲ့ပုံစံကိုရင်း
နှီးနေသလိုပဲ။လန်းလန်းနဲ့လည်းတော်တော်တူသည်။လန်းလန်းစားနေရင်ဒီကောင်လေးလိုမျိုးပဲ။ပါးဖောင်းဖောင်းလေးနဲ့ချစ်စရာကောင်းသည်။မိုးစားနေတာစားပွဲပေါ်ကဟင်းပွဲတွေတစ်ပွဲပြီးတစ်ပွဲပြောင်သလောက်ဖြစ်သွားပေမဲ့ငါးပေါင်းကတော့အသစ်အတိုင်းပင်။မိုးကငါးပေါင်းကိုတို့ပင်မတို့။ဘုန်းမာန်က-
“မင်းငါးမစားဘူးလား”
“မစားဘူး"
“ဘာလို့လဲ"
“အရိုးစူးမှာကြောက်လို့”
“ကလေးလိုပဲကွာ။ပြောတော့ဖြင့်အသက်
(၂၀)ဆို"“အင်းလေ"
“အသက်(၂၀)ကအရိုးစူးမှာကြောက်နေရလား"
“ကျွန်တော်ငယ်ငယ်ကငါးအရိုးစူးပြီးဆေးရုံရောက်ဖူးတယ်”
“ဟုတ်လား…ဆေးရုံကဘာလုပ်ပေးလဲ”
“ကျွန်တော့်ကိုခွဲခန်းထဲသွင်းမေ့ဆေးပေးပြီးမှငါးအရိုးကိုဆွဲနှုတ်ခဲ့ရတာ။အဲဒီကတည်းကကျွန်တော်ငါးမစားရဲတော့ဘူး"
“တကယ်လို့ငါးထဲမှာအရိုးမပါဘူးဆိုရင်မင်းစားမလား”
“မစားဘူး။ငါးဆိုတာအမြဲတမ်းအရိုးပါတယ်"
“အေးလေ…အဲဒီအရိုးကိုဖယ်ပစ်ရမှာပေါ့။ငါ
ဖယ်ပေးမယ်"ဘုန်းမာန်ငါးကိုအရိုးနွှင်ပြီးမိုးပန်းကန်ထဲထည့်
ပေးသည်။မိုးက-
YOU ARE READING
My Cinderella boy (Completed)
General Fictionအရင်က fan fic အနေနဲ့ရေးခဲ့တာလေးကိုမြန်မာဗားရှင်းပြောင်းပြီးပြန်ရေးထားတာပါ။အရင်ရေးထားတဲ့ fic နဲ့မတူညီဘဲကွဲလွဲတာလေးတွေရှိကောင်းရှိနိုင်ပါတယ်🤗 >>>>>>> အရင်က fan fic အနေနဲ့ရေးခဲ့တာလေးကိုမြန်မာဗားရှင်းပြောင်းပြီးပြန်ရေးထားတာပါ။အရင်ရေးထားတဲ့ fic နဲ့မတူညီ...