မိုးချက်ချင်းမတ်တပ်ထမရပ်နိုင်သေးဘဲဆိုဖာပေါ်မှာငုတ်တုတ်လေးထိုင်ပြီးအိပ်ချင်မူးတူးလေး
ဖြစ်နေသည်။ဘုန်းမာန်ကသူ့ဘေးနားလေးဝင်
ထိုင်လိုက်သည်။“ကလေးမင်းအိပ်ရေးမဝသေးရင်ပြန်အိပ်လိုက်ပါလား"
မိုးခေါင်းရမ်းပြမိသည်။
“ဟင့်အင်း…အဖေ့ကိုကျောင်းဆင်းရင်ပြန်လာ
မယ်လို့ပြောထားတယ်။အိမ်ပြန်မယ်"“အင်း…လာကိုကိုလိုက်ပို့ပေးမယ်"
ဘုန်းမာန်ကမိုးကိုဆွဲထူပြီးခေါ်သွားတော့မိုးအလိုက်သင့်ပါသွားသည်။အိပ်ချင်စိတ်ကမပြေသေးတာမို့ကိုကိုတွေကလေးတွေပြောနေတာကိုနားထဲမဝင်မိသေးဘူး။ဝန်ထမ်းအိမ်ယာရှေ့ရောက်လို့ကားရပ်လိုက်တော့ဘုန်းမာန်က-
“ကလေး…မနက်ဖြန်ကျောင်းသွားရမှာလား”
“ဘယ်က ကလေးတုန်း”
“မင်းလေ"
“ဘာဗျ"
မိုးအိပ်ချင်စိတ်တွေပြေသွားသည်။ဘုန်းမာန်ဘက်ကအကြင်နာတွေရေစီးကမ်းပြိုနေတာအရှိန်
မသေသေးဘူး။“မင်းကကိုကို့ရဲ့ကလေး"
“ခင်ဗျားရူးနေလား။ရူးရင်လည်းကိုယ့်ဟာကိုယ်
သွက်သွက်ခါအောင်ရူး။ထမင်းလွတ်ရူး။လူကိုလာပြီးဂျင်းမထည့်နဲ့"“ကိုကိုကဘာတွေဂျင်းထည့်နေလို့လဲ"
“ကျွန်တော်ကအသက်(၂၀)ပြည့်ပြီးသားလေ။ဘွဲ့တောင်ရတော့မယ်။အဲဒါကလေးလား။ဘာကလေးတုန်း”
မိုးကားတံခါးကိုဆောင့်ပိတ်ပြီးအိမ်ခန်းရှိရာသို့ခပ်သွက်သွက်ပြေးလာခဲ့သည်။အိမ်တံခါးရှေ့ရောက်လို့နောက်ပြန်လှည့်ကြည့်လိုက်တော့ဘုန်းမာန်ကားကပြန်ထွက်သွားပြီ။မိုးအိမ်ထဲဝင်လာခဲ့သည်။သူ့အဖေကိုအဆင်သင့်တွေ့ရသည်။
YOU ARE READING
My Cinderella boy (Completed)
General Fictionအရင်က fan fic အနေနဲ့ရေးခဲ့တာလေးကိုမြန်မာဗားရှင်းပြောင်းပြီးပြန်ရေးထားတာပါ။အရင်ရေးထားတဲ့ fic နဲ့မတူညီဘဲကွဲလွဲတာလေးတွေရှိကောင်းရှိနိုင်ပါတယ်🤗 >>>>>>> အရင်က fan fic အနေနဲ့ရေးခဲ့တာလေးကိုမြန်မာဗားရှင်းပြောင်းပြီးပြန်ရေးထားတာပါ။အရင်ရေးထားတဲ့ fic နဲ့မတူညီ...