မိုးသက်နောင်ထမင်းစားပြီးဆယ်မိနစ်လောက်
ကြာအောင်စောင့်လိုက်သည်။ဒီလောက်ဆိုရင်
သက်မင်းသူရိန်တော်တော်ခရီးရောက်လောက်
ပါပြီ။သူအခန်းတံခါးဆီသွားပြီးတံခါးကိုဆွဲဖွင့်လိုက်သည်။“ဘာအလိုရှိလို့လဲခင်ဗျ”
“ဟဲ့"
အပေါက်ဝတည့်တည့်မှာရပ်နေတာကခုနကမှအစားအသောက်တွေလာပို့သွားတဲ့အလုပ်သမားကောင်လေး။ဒီကောင်လေးလောက်ကတော့မိုးသက်နောင်မမှုပါဘူး။သူတစ်ချက်ကိုင်
ပေါက်ရင်လွင့်သွားမှာ။လွင့်မသွားမဲ့ဟာတွေ
ကသူ့နောက်မှာ။ညကသူ့နောက်ကိုတကောက်ကောက်လိုက်ခဲ့
ကြတဲ့ fired dragon ကသက်တော်စောင့်လူသန်ကြီးတွေကဝတ်စုံမဲကြီးတွေဝတ်ပြီးသူ့အခန်းရှေ့မှာတန်းစီရပ်နေကြသည်။သူဗိုက်ဆာတယ်လို့ပြောတာတောင်အပြင်ထွက်ပြီးစားစရာဝယ်မပေးတဲ့သေချင်းဆိုးလေးကသူ့ကိုဘာလို့တစ်ယောက်တည်းထားခဲ့လဲဆိုတာအခုတော့သူသိပြီလေ။
အခန်းတံခါးဖွင့်ပြီးငူငူကြီးရပ်နေတဲ့မိုးသက်နောင်ကိုအလုပ်သမားကောင်လေးကထပ်မေးသည်။
“ကျွန်တော်ဘာလုပ်ပေးရမလဲခင်ဗျ"
“ဟင်…ဘာမှလုပ်မပေးရပါဘူး"
မိုးသက်နောင်အခန်းတံခါးပြန်ပိတ်ပြီးသူ့ခုတင်
ပေါ်မှာခွေခွေလေးသွားအိပ်နေလိုက်သည်။အခုချိန်မှာသူလုပ်လို့ရတာဒီတစ်ခုပဲရှိတော့တာလေ။ဒါပေမဲ့သူမနေနိုင်ဘူး။အိပ်နေရာကနေငုတ်တုတ်ထထိုင်လိုက်သည်။အခုသူ့အနေအထားကဘာကြီးတုန်း။အမှန်ဆိုသူကရဲတစ်ယောက်လေ။လုပ်သက်
နှစ်နှစ်ဆယ်ကျော်အတွင်းမှာလူဆိုးတွေအများ
ကြီးဖမ်းပြီးအချုပ်ခန်းထဲထည့်ခဲ့တာသူလေ။အ
ခုဝဋ်လည်နေတာလား။အခန်းထဲထည့်ပိတ်ပြီးအစောင့်ချခံထားရတာ။သူအခုဝဋ်လည်နေတာမဟုတ်ဘူးလား။“အား…မသိတော့ဘူးကွာ"
မိုးသက်နောင်စိတ်ညစ်ညူးစွာနဲ့ခုတင်ပေါ်ပစ်လှဲချကာပြန်အိပ်လိုက်သည်။
>>>>>>>>>>
သူရိန်ဝန်ထမ်းအိမ်ယာကိုရောက်လာခဲ့သည်။အကိုသက်ရဲ့အိမ်ခန်းတံခါးကိုဖွင့်ပြီးမိုးနေတဲ့အခန်းကိုသွားသည်။ဒီသားအဖနေပုံထိုင်ပုံကရိုးရှင်းလွန်းသည်။မိုးအခန်းထဲမှာရှာစရာဆိုလို့အဝတ်ဘီရိုနဲ့စာကြည့်စားပွဲကအံဆွဲပဲရှိသည်။
![](https://img.wattpad.com/cover/309739420-288-k727309.jpg)
YOU ARE READING
My Cinderella boy (Completed)
General Fictionအရင်က fan fic အနေနဲ့ရေးခဲ့တာလေးကိုမြန်မာဗားရှင်းပြောင်းပြီးပြန်ရေးထားတာပါ။အရင်ရေးထားတဲ့ fic နဲ့မတူညီဘဲကွဲလွဲတာလေးတွေရှိကောင်းရှိနိုင်ပါတယ်🤗 >>>>>>> အရင်က fan fic အနေနဲ့ရေးခဲ့တာလေးကိုမြန်မာဗားရှင်းပြောင်းပြီးပြန်ရေးထားတာပါ။အရင်ရေးထားတဲ့ fic နဲ့မတူညီ...