ဝရံတာဘက်ကိုရောက်တော့စေတမာန်ကဘုန်းမာန်နဲ့မျက်နှာချင်းဆိုင်ရပ်လိုက်သည်။
“ဘယ်တစ်ယောက်လဲ"
“ဟမ်"
“မင်းကြိုက်တာဘယ်တစ်ယောက်လဲလို့"
“အကိုဘာလုပ်မလို့လဲ"
“မင်းမကြိုက်တဲ့တစ်ယောက်ကိုငါလိုက်မလို့”
“ဘာဗျ…မရဘူး"
ချက်ချင်းတုံ့ပြန်လိုက်တဲ့ဘုန်းမာန်အသံကနည်းနည်းလေးမှတောင်စဉ်းစားစရာမလိုဘူးဆိုတဲ့အသံ။
“အဲနှစ်ယောက်လုံးက Rocky သူငယ်ချင်းတွေ"
“အင်းလေ။ Rocky နဲ့ကတစ်သက်လုံးလက်တွဲသွားလို့မှမရတာ။လူအချင်းချင်းပဲလက်တွဲလို့ရမှာ။မင်းကြိုက်တဲ့တစ်ယောက်ရွေး။မင်းရွေးလိုက်တဲ့လူကိုငါလွှတ်ပေးမှာမို့လို့"
“မရဘူးအကို”
“ဘာလို့မရတာလဲ"
“နှစ်ယောက်လုံးကကျွန်တော့်အကြိုက်တွေ
ချည်းပဲ။ကျွန်တော်သေချာရွေးထားတာ"“ဒါပေမဲ့မင်းနှစ်ယောက်လုံးကိုလက်ထပ်ယူလို့
မရဘူးလေ"“အကိုကဘာသဘောလဲ။အကို့ဘေးမှာမိန်းက
လေးတွေဒီလောက်ဝိုင်းဝိုင်းလည်နေတာ။အကိုလည်းမိန်းကလေးတွေပဲကြိုက်ခဲ့တာလေ"“ဟုတ်တယ်။ငါမိန်းကလေးတွေပဲကြိုက်ခဲ့တယ်။အဲဒါမြန်မာပြည်ကိုပြန်မရောက်ခင်ကအထိပေါ့။ဒီရောက်တော့ဘောပြားလေးကိုစမြင်ပြီးငါသဘောကျသွားတယ်။ယောက်ျားဆန်ဆန်လေးစကားပြောတာဆိုတာလေးကတကယ်ချစ်ဖို့ကောင်းတယ်။တခြားမိန်းကလေးတွေလိုပျော့စိပျော့ဖတ်မဟုတ်ဘဲကြွပ်ဆတ်ဆတ်ပုံစံလေးက တကယ်စိတ်ဝင်စားဖို့ကောင်းတယ်။
ŞİMDİ OKUDUĞUN
My Cinderella boy (Completed)
Genel Kurguအရင်က fan fic အနေနဲ့ရေးခဲ့တာလေးကိုမြန်မာဗားရှင်းပြောင်းပြီးပြန်ရေးထားတာပါ။အရင်ရေးထားတဲ့ fic နဲ့မတူညီဘဲကွဲလွဲတာလေးတွေရှိကောင်းရှိနိုင်ပါတယ်🤗 >>>>>>> အရင်က fan fic အနေနဲ့ရေးခဲ့တာလေးကိုမြန်မာဗားရှင်းပြောင်းပြီးပြန်ရေးထားတာပါ။အရင်ရေးထားတဲ့ fic နဲ့မတူညီ...