သခင်လေးမာန်လက်ထဲမှာမိုးတစ်ယောက်အ
ကြောက်လွန်ပြီးဇောချွေးတွေပြန်နေသည်။သူရိန်ကမိုးရဲ့ပြူးကြောင်ကြောင်မျက်နှာလေးကိုကြည့်ပြီးသနားသွားသည်။ဘာပဲပြောပြောဒါလေးကသူ့ရဲ့လင်ပါသားလေးမဟုတ်လား။ဒီကလေးကိုသူကယ်တင်ရပေမည်။သူရိန်ဘုန်းမာန်အနားကိုရောက်သွားသည်။“သခင်လေးအစေခံတွေချောင်းကြည့်ကုန်ပြီ။
အမြင်မတော်ဘူးနော်"“အမြင်မတော်တော့ဘာဖြစ်လဲ။ဘယ်သူ့ဂရုစိုက်နေရမှာလဲ"
“စားဖိုမှူးမြင်သွားရင်မကောင်းဘူးလေ။သခင်လေးရဲ့ယောက္ခမလေ။မိုးလေးရဲ့အမေလေ"
“ဟင်အဲဒါဟုတ်တယ်"
သူရိန်ကဘုန်းမာန်နားနားကိုကပ်ပြီးနှစ်ကိုယ်
ကြားလေသံနှင့်ပြောသည်။“ယောက္ခမကြီးမမြင်နိုင်တဲ့နေရာကိုခေါ်သွား။
အိမ်အပေါ်ဆုံးထပ်ကို"သူ့စကားအဆုံးမှာဘုန်းမာန်က-
“လာခဲ့ဘေဘီ”
“အမေ့"
ဘုန်းမာန်ကမိုးကိုဆောင့်ဆွဲပြီးခေါ်သွားတော့လန်းလန်းလည်းကြောင်ကြောင်လေးရပ်ကြည့်ရင်းကျန်ခဲ့သည်။သူ့အကိုမျက်စိအောက်ကပျောက်သွားတော့သူသတိထားမိတဲ့အချိန်မှာသူ့ကို
ရပ်ကြည့်နေတဲ့သူရိန်နဲ့ထိုင်ကြည့်နေတဲ့စေတမာန်။ရန်သူတော်နှစ်ယောက်ရဲ့အကြည့်အောက်မှာလန်းလန်းအငွေ့ပျံပြီးပျောက်သွားချင်နေ
ပြီ။အဲဒီအချိန်မှာပဲတို့မီးရှို့မီးသူရိန်က-“ခင်ဗျားကကောဘာလုပ်နေတာလဲ။ယောက္ခမ
ကြီးမီးဖိုထဲကထွက်လာမဲ့အချိန်ကိုစောင့်နေတာလား"စေတမာန်နေရာကထလာပြီးလန်းလန်းရှေ့ရောက်လာသည်။
“လန်းလန်းကိုယ်တို့လည်းသေချာစကားပြောဖို့လိုနေပြီ။ခြံထဲကိုခဏသွားရအောင်"
လန်းလန်းကမိန်းကလေးဖြစ်နေတာကြောင့်ဘုန်းမာန်နဲ့မိုးလေးလိုမျိုးရုန်းရင်းဆန်ခတ်ဖြစ်နေလို့မသင့်တော်။ထို့ကြောင့်စေတမာန်ကလန်း
လန်းကိုအိမ်အပြင်ဘက်မြက်ခင်းပြင်ဆီသို့ခေါ်သွားသည်။
YOU ARE READING
My Cinderella boy (Completed)
General Fictionအရင်က fan fic အနေနဲ့ရေးခဲ့တာလေးကိုမြန်မာဗားရှင်းပြောင်းပြီးပြန်ရေးထားတာပါ။အရင်ရေးထားတဲ့ fic နဲ့မတူညီဘဲကွဲလွဲတာလေးတွေရှိကောင်းရှိနိုင်ပါတယ်🤗 >>>>>>> အရင်က fan fic အနေနဲ့ရေးခဲ့တာလေးကိုမြန်မာဗားရှင်းပြောင်းပြီးပြန်ရေးထားတာပါ။အရင်ရေးထားတဲ့ fic နဲ့မတူညီ...