ထည်ထည်ကလန်းလန်းရဲ့ပုံဆွဲစာအုပ်ကိုချပြီးပုံတွေကိုကြည့်ကာလိုက်ဆွဲကြည့်နေသည်။သူ့အဖေကသူ့နားကိုရောက်လာပြီး-
“သားခုထိရေမချိုးသေးဘူးလား"
“ချိုးချင်သေးဘူး။ပုံဆွဲဦးမယ်"
စေတမာန်ကသူ့သားဘေးထိုင်ချလိုက်ပြီးသူ့
သားချထားတဲ့ပုံဆွဲစာအုပ်ကိုငုံ့ကြည့်သည်။“ပုံလေးတွေလှလိုက်တာ။ဘယ်သူဆွဲထားတာလဲ"
“မမလန်းလန်း"
“ဟင်…လန်းလန်းဆွဲထားတာလား"
လန်းလန်းဆိုတဲ့အသံကြားတာနဲ့ဖျတ်ဖျတ်လူး
နေတဲ့စေတမာန်ကပုံဆွဲစာအုပ်ကိုကောက်ကိုင်
ပြီးလန်းလန်းလက်ရာကာတွန်းရုပ်လေးတွေကိုတစ်ပုံချင်းတစ်ရွက်ချင်းလှန်ပြီးကြည့်သည်။ကြည့်နေရင်းနဲ့စာအုပ်အလယ်တစ်ဝက်ကိုရောက်
သွားတော့ပုံတွေမဟုတ်တော့ဘဲမိုးလေးရေးထားသည့်စာတွေတွေ့သွားသည်။မိုးက dog father ကြီးပြန်လာတဲ့နေ့ကသူနဲ့စ
တွေ့ခဲ့ပုံ၊Rocky နဲ့သူငယ်ချင်းလုပ်ခိုင်းခဲ့ပုံ၊ပုဇွန်ခွာခိုင်းပုံ၊ခွေးနဲ့ဘောလုံးလုခိုင်းပုံစတာတွေက
နေနောက်ဆုံးလန်းလန်းအိမ်ရောက်တာနဲ့ Rocky နဲ့စိမ်းမနေအောင်သူမလျှော်ဘဲထားခဲ့တဲ့အပြာရောင်တီရှပ်ကိုဝတ်လိုက်ဆိုတဲ့နေရာအထိအကုန်ဖတ်မိသွားသည်။မိုးနဲ့လန်းလန်းနောက်ပိုင်းလူချင်းလဲရင်ဖုန်းနဲ့ပဲအတွေ့အကြုံတွေကိုပြောပြကြတာမို့နောက်ပိုင်းကိစ္စတွေကိုရေးမထားပေမဲ့ရှေ့ပိုင်းကအနည်းငယ်သာရေးထားတဲ့အကြောင်းအရာနဲ့တင်စေတမာန်စိတ်လှုပ်ရှားနေမိသည်။
မိုးနဲ့လန်းလန်းရုပ်ချင်းတူတယ်လို့တော့ထင်မိ
သားပဲ။အမွှာတွေမှန်းသိလိုက်ရတော့ဘုန်းမာန်ဆီချက်ချင်းပဲဖုန်းလှမ်းဆက်သည်။“အကိုဘာလဲ"
“မင်းအခုရုံးခန်းမှာလား"
“ဟုတ်အကို"
“ဘယ်မှမသွားနဲ့။ငါမင်းဆီကိုလာခဲ့မယ်"
စေတမာန်ကပုံဆွဲစာအုပ်ကိုယူပြီးဘုန်းမာန်ရုံး
ခန်းဆီထွက်လာခဲ့သည်။ဘုန်းမာန်ရုံးခန်းထဲတွင်သက်မင်းသူရိန်လည်းအတူတူရှိနေသည်။
YOU ARE READING
My Cinderella boy (Completed)
General Fictionအရင်က fan fic အနေနဲ့ရေးခဲ့တာလေးကိုမြန်မာဗားရှင်းပြောင်းပြီးပြန်ရေးထားတာပါ။အရင်ရေးထားတဲ့ fic နဲ့မတူညီဘဲကွဲလွဲတာလေးတွေရှိကောင်းရှိနိုင်ပါတယ်🤗 >>>>>>> အရင်က fan fic အနေနဲ့ရေးခဲ့တာလေးကိုမြန်မာဗားရှင်းပြောင်းပြီးပြန်ရေးထားတာပါ။အရင်ရေးထားတဲ့ fic နဲ့မတူညီ...