မိုးတစ်ယောက်မန္တလေးလေဆိပ်ကိုရောက်လာခဲ့သည်။ရန်ကုန်ကနေမန္တလေးကိုလေယာဉ်နဲ့
လာပြီးမန္တလေးကနေကျောက်တစ်လုံးမြို့ကိုကားနဲ့သွားသည်။လမ်းခရီးတွင်သုံးနာရီကြာ
သည်။ကျောက်တစ်လုံးကိုရောက်တော့ကျောက်တွင်းကိုကားပြောင်းစီးရသည်။ကျောက်တွင်းကအိမ်ခြေထောင်ချီပြီးရှိတဲ့ရွာကြီးတစ်ရွာ။ကားလမ်းဘေးတွင်ရှိသဖြင့်လမ်းသာသည်။မိုးစာသင်ကျောင်းရှေ့ရောက်တော့စိတ်
ထဲဇဝေဇဝါဖြစ်သွားသည်။သူ့ဆရာမပြောတုန်းကအလယ်တန်းနဲ့မူလတန်းကျောင်းပဲသွားရမယ်ဆိုပြီးအခုတော့ကျောက်တွင်းမှာရှိနေတာကအထက်တန်းကျောင်းကြီးပဲ။ဒါတောင်ကျောက်
တွင်းကိုလာမည့်သူကသူတစ်ယောက်ပဲရှိသည်။အဖော်လိုက်မည့်သူမရှိ။မိုးကားပေါ်ကနေဆင်းပြီးအိတ်နှစ်လုံးဆွဲကာကျောင်းထဲဝင်လာခဲ့သည်။ကျောင်းဖွင့်ရက်မို့ကျောင်းအုပ်ကြီးရုံးခန်းကိုမေးကာသွားလိုက်သည်။ရုံးခန်းထဲတွင်ကျောင်းအုပ်ကြီးအပြင်လူအချို့ထိုင်နေတာတွေ့ရသည်။ဝတ်ပုံစားပုံကိုကြည့်ရတာကျောင်းဆရာတွေတော့မဟုတ်လောက်ပေ။ကျောင်းသားမိဘတွေဖြစ်ပုံရသည်။မိုးကကျောင်းအုပ်
ကြီးကိုနှုတ်ဆက်လိုက်သည်။“မင်္ဂလာပါခင်ဗျာ့။ကျွန်တော်ကမိုးဆန်းပန်းပါ။ဒီကိုလုပ်အားပေးကျောင်းဆရာလုပ်ဖို့လာခဲ့တာပါခင်ဗျ"
“အေးအေး…ငါတို့ဆီကိုအကြောင်းကြားစာပို့ထားလို့ငါတို့မင်းကိုစောင့်နေကြတာကွ။လာထိုင်"
မိုးထိုင်ခုံတစ်လုံးတွင်ဝင်ထိုင်လိုက်သည်။
“ဒီလူတွေကမင်းကိုစောင့်နေကြတာကွ"
“ကျွန်တော့်ကိုစောင့်နေတာ"
“အေးကွ။မင်းစာသင်ရမဲ့ကျောင်းကပင်းလဲဒေါင်းမူလတန်းကျောင်း"
“ဗျာ…ကျောက်တွင်းမဟုတ်ဘူးလား"
“ကျောက်တွင်းဆိုတာကမင်းသွားရမဲ့ရွာကိုရှာမတွေ့မှာစိုးလို့ကျောက်တွင်းကိုလာခိုင်းတာ။တကယ်တမ်းမင်းသွားရမှာပင်းလဲဒေါင်းရွာကမူလတန်းကျောင်း။အဲဒီရွာကပင်းရွာ၊လဲရွာနဲ့ဒေါင်းရွာဆိုပြီးရွာသုံးရွာတန်းကွ။သုံးရွာပေါင်းပြီးကျောင်းကတစ်ကျောင်းတည်းရှိတယ်။ကျောင်းဆရာကလည်းတစ်ယောက်တည်းရှိတယ်။မင်းရောက်
သွားရင်သူနဲ့အတူနေရမယ်။နှစ်ယောက်ဆိုတော့အဖော်ရတာပေါ့”
YOU ARE READING
My Cinderella boy (Completed)
General Fictionအရင်က fan fic အနေနဲ့ရေးခဲ့တာလေးကိုမြန်မာဗားရှင်းပြောင်းပြီးပြန်ရေးထားတာပါ။အရင်ရေးထားတဲ့ fic နဲ့မတူညီဘဲကွဲလွဲတာလေးတွေရှိကောင်းရှိနိုင်ပါတယ်🤗 >>>>>>> အရင်က fan fic အနေနဲ့ရေးခဲ့တာလေးကိုမြန်မာဗားရှင်းပြောင်းပြီးပြန်ရေးထားတာပါ။အရင်ရေးထားတဲ့ fic နဲ့မတူညီ...