အပိုင်း ၇

359 42 0
                                    

ကျွန်တော် အလုပ်လုပ်နေတာ အခုဆို သုံးရက်ရှိနေပြီ။ Soloကတော့ ကျွန်တော့်ကို နေ့တိုင်း လာတွေ့တယ်။ ကျွန်တော့်အဆိုင်း စတဲ့အချိန်တိုင်းမှာ သူ လာတယ်။ သူ ကော်ဖီတစ်ခွက်မှာပြီးတော့ ကော်ဖီဆိုင်ရဲ့ထောင့်နားလေးမှာ ငြိမ်ငြိမ်လေး ထိုင်နေတော့တာပဲ… ကျွန်တော် လုပ်တဲ့အချိန်ပိုင်းအဆိုင်းမှာ လူက သိပ်မရှိတာဘဲ ကံကောင်းသည်။ လူတွေကလည်း လာတယ်ဆိုရင်တောင် သူတို့တွေက မှာထားတာ မြန်မြန်ရဖို့သာ စိတ်ထက်သန်နေတာနေတာကြောင့် ထောင့်စွန်းလေးမှာ ထိုင်နေတဲ့ တက္ကသိုလ်တစ်ခုလုံးရဲ့ Moonကို သတိထားမိမှာမဟုတ်။ Soloကတော့ အမြဲတမ်း သူ့အလုပ်လုပ်ကို ပြီးအောင် အရင်လုပ်တယ်။ သူ့အလုပ်ပြီးတာနဲ့ ထိုင်ခုံနေရာပြောင်းပြီး သူက ကျွန်တော့်ကိုဘဲ ထိုင်ကြည့်နေတာ… ကျွန်တော် အလုပ်လုပ်ချိန် ပြီးသွားတဲ့အချိန်မှာ အဲ့ဒီခွေးပေါက်လေးက ကျွန်တော်ပေးလာမယ့် နွားနိူ့တစ်ခွက်ကို စောင့်မျှော်နေတက်သည်။ ကျွန်တော် ဆိုင်ပိတ်ပြီးတဲ့အထိ သူက ထိုင်စောင့်နေပြီးတော့ ဆိုင်သိမ်းပြီးတာနဲ့ ကျွန်တော့်ကို အဆောင်ကို လိုက်ပို့ပေးတယ်။ တကယ်လို့ ကျွန်တော် အလုပ်လုပ်ဖို့ မလိုတဲ့ရက်တွေဆိုရင် သူက ကျွန်တော့်ရဲ့အဆောင်ကို ညတိုင်း လာတယ်။ ကျွန်တော် ဖျော်ပေးမယ့် နွားနိူ့တစ်ခွက်ကို စောင့်နေပြီးတော့ အဲ့ဒီ နွားနိူ့တစ်ခွက်ကို သောက်ပြီးတာနဲ့ သူ့ရဲ့ကွန်ဒိုကို ပြန်တယ်။

သူနဲ့ ဒီလိုမျိုး ဖြတ်သန်းရတဲ့ နေ့စဉ်ပုံစံမျိုးက ဘယ်အချိန်ကတည်းက နေသားကျသွားလဲဆိုတာ ကျွန်တော် မသိ…

ကျွန်တော် သိပါတယ်။ အိပ်ယာထဲ မဝင်ခင်အထိ ကျွန်တော်တို့ အမြဲတမ်းတွေ့နေကြတယ်ဆိုတာ ပုံမှန်မဟုတ်မှန်း ကျွန်တော် သိပါတယ်။ ဒါပေမယ့်လည်း ထားလိုက်ပါတော့… ဟူး…

တကယ်လို့သာ ကျွန်တော်တို့နှစ်ယောက်လုံးကို ပျော်ရွင်စေတယ်ဆိုရင် အဲ့ဒါက မျှတတယ်လို့ ကျွန်တော် ထင်တယ်။

'Guitar…' အဲ့ဒီ ခေါ်သံလေးက နေ့တိုင်းလိုလို စားပွဲခုံသုတ်နေတဲ့ ကျွန်တော့်လက်တွေကို ရပ်တန့်သွားအောင် လုပ်နိူင်သည်။ ဒီနေ့ သူအရမ်းနောက်ကျနေတာ… ဘာလို့လဲဆိုတော့ အခုဘဲ ဆိုင်ပိတ်ချိန်ရောက်တော့မယ်လေ…

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Where stories live. Discover now