အပိုင်း ၃၂

188 15 1
                                    

ကျွန်တော်တို့ မနက်အစောပိုင်းမှာ စတင်ထွက်ခွာလာခဲ့ကြသည်။ အန်ကယ်Markနဲ့အတူ ကျွန်တော်တို့ကို လမ်းပြပေးမယ့်နောက်ထပ်ဦးလေးတစ်ယောက်က ဒီဟိုတယ်ကနေ တောင်ပေါ်ထိတက်ဖို့က အရမ်းဝေးလွန်းတာကြောင့် သွားချင်တဲ့နေရာကိုရောက်ဖို့ နာရီပေါင်းများစွာကြာလိမ့်မယ်လို့ ပြောလာသည်။ ကျွန်တော် ဘုရင်သုံးယောက်နဲ့ ကျွန်တော့်ရဲ့ညီလေးတွေ ညီမလေးတွေကို နူတ်ဆက်စကားပြောပြီး အခွင့်အရေးရတာနဲ့ အချင်းချင်းဆက်သွယ်ကြဖို့ကို မမေ့မလျော့ဘဲပြောလိုက်မိသည်။

အခုအချိန်မှာ ကောင်းကင်ပြာကြီးနှင့် ဘေးပတ်လည်က စိမ်းစိုနေတဲ့အပင်တွေကိုသာ ကျွန်တော် တွေ့နေရသည်။ အခုလိုမျိုး သဘာဝတရားရဲ့အလယ်မှာ နီးနီးကပ်ကပ်မနေခဲ့ရတာ တော်တော်ကြာနေပြီဖြစ်တာကြောင့် စစ်မှန်တဲ့သဘာဝတရားက ဘယ်လိုလဲဆိုတာတောင် ကျွန်တော် မေ့နေပြီ။

ပင်လယ်ရေပြင်မျက်နှာပြင်ထက် ပိုပြီး မြင့်မားလာလေလေ... ရာသီဥတုက တဖြည်းဖြည်းနဲ့ အေးအေးလာသည်။ ကျွန်တော်က မြို့ပေါ်မှာဘဲ နှစ်ပေါင်းများစွာနေထိုင်လာခဲ့ရတာကြောင့် ဒီအအေးဒဏ်နဲ့ ကျွန်တော် နေသားမကျသေး... ကျွန်တော့်ဘေးနားက ကောင်လေးကတော့ လုံးဝကို အဲ့လိုမဟုတ်... Soloက အရင်က နိူင်ငံခြားမှာ နေခဲ့တာကြောင့် အခုလိုမျိုးရာသီဥတုနဲ့ နေသားကျနေတာ မထူးဆန်းတော့... သူနေတဲ့နေရာက ဒီက ရာသီဥတုထက်တောင် ပိုပြီးတော့ အေးတောင်အေးနိူင်သေးသည်။

'အေးနေတာလား'

စိတ်ပူနေတဲ့ကောင်လေးက ကျွန်တော့်ကို သုံးကြိမ်မြောက်မေးလာသည်။ သူ မေးတယ်ဆိုသော်ငြားလည်း ဘာမှမလုပ်ပေးနိူင်မှန်း သိပြီးသား... ဘာလို့လဲဆိုတော့ ကျွန်တော် အကျီတွေ အများကြီး ထပ်ဝတ်ထားတာကြောင့် နောက်ထပ် ထပ်ဝတ်လို့မရနိူင်တော့ဘူးလေ...

'နည်းနည်းလောက်ဘဲ အေးတာပါ' အမှန်တိုင်းပြောရရင် ကျွန်တော့်ခန္ဓာကိုယ်က နွေးနေပေမယ့် ကျွန်တော့်လက်ဖျားတွေက ခဲတဲ့အထိ အေးစက်နေတာ... 'အစ်ကိုတို့ ရောက်တော့မယ်လို့ ဦးလေးကပြောတယ်'

အရှေ့ကနေ လမ်းလျောက်ပြီးသွားနေတဲ့ Khun Jayက ကျွန်တော့်တို့ကို လှည့်ကြည့်ပြီး ပြောလာသည်။ ကျွန်တော် စကားပြောဖို့လုပ်လိုက်တဲ့အချိန်မှာ နူတ်ခမ်းတွေက အအေးဒဏ်ကြောင့် တုန်ရီလာတယ်လို့ ခံစားနေရတာကြောင့် ခေါင်းသာညိမ့်ပြလိုက်သည်။

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Where stories live. Discover now