အပိုင်း ၂၀

280 28 0
                                    

တိန် တိန်… တိန် တိန်… တိန်တိန်…

'အိပ်ချင်တယ်…'

တိန် တိန်… တိန် တိန်… တိန် တိန်… တိန် တိန်…… တိန် တိန်……

'So… အသံလေးပိတ်ပေးပါလား'

တိန် တိန်… တိန် တိန်… တိန် တိန်…

'So…'

ကျွန်တော် မနည်းကြိုးစားပြီး မျက်လုံးတွေ ဖွင့်ကြည့်လိုက်မိတော့ မီးအိမ်ဘေးနားက နာရီလေးကို အရင်ဆုံး တွေ့လိုက်ရသည်။ အမြင်တွေက ဝေဝါးနေပေမယ့်လည်း နာရီလက်တံက ၅ကို ပြထားတယ်ဆိုတာ သေချာသည်။

၅နာရီထိုးဘဲ ရှိသေးသည်။ ကျွန်တော် အိပ်ထားတာ အခုမှ သုံးလေးနာရီလောက်ဘဲ ရှိသေးတာကြောင့် အရမ်းအိပ်ချင်နေသေးသည်။

တိန် တိန်…

'So!'

ကျွန်တော် အသံကို မြှင့်ပြီးပြောလိုက်ကာ ချက်ချင်းထထိုင်လိုက်ပြီး နာမည်ပိုင်ရှင်ကို ကြည့်လိုက်မိသည်။ ထိုကောင်လေးကတော့ အိပ်ယာရဲ့ခေါင်းရင်းကို မှီထားပြီး ပျော်ရွင်နေတဲ့အပြုံးတွေနှင့် ဖုန်းကို ကြည့်နေသည်။ သူ့ရဲ့မျက်လုံးတွေက ဖုန်းထဲဝင်တော့မလိုဖြစ်နေတာကြောင့် ကျွန်တော် ခေါ်နေတာကို မကြားရတာထင်သည်။

'So…'

ကျွန်တော် မျက်မှောင်ကြုတ်ထားပြီးတော့ သူ့ရဲ့ပေါင်ကို တံတောင်ဆစ်နှင့် တွတ်လိုက်သည်။ မကြားချင်တဲ့အသံနှင့်အတူ… ကျွန်တော့်ထက်ပိုပြီး ဖုန်းကို စိတ်ဝင်စားနေပုံရတဲ့ခွေးပေါက်စလေးကြောင့် ကျွန်တော့်စိတ်ထဲ မသက်မသာခံစားလိုက်ရသည်။

'Guitar…'

Soloက ဖုန်းကနေ အကြည့်လွှဲလိုက်ပြီးတော့ ကျွန်တော့်ကို ကြည့်လာသည်။ ခွေးပေါက်လေးရဲ့မျက်နှာက ထူးဆန်းတဲ့မျက်နှာဖြစ်နေပြီး တဖြည်းဖြည်းပြုံးကာ ရယ်လာသည်။

အခြားအချိန်တွေမှာ သူ ရယ်နေတာကို တွေ့ရရင် ကျွန်တော် ဝမ်းသာမိမှာ… ဒါပေမယ့် အခုအကြိမ်တော့မဟုတ်!

'ဘာရယ်နေတာလဲ' ဘာကိုမှ ဖုံးကွယ်ဖို့ ကြိုးစားမနေဘဲ စိတ်ဆိုးနေမှန်းသိသာတဲ့အသံနှင့် ကျွန်တော်မေးလိုက်မိသည်။

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Where stories live. Discover now