အပိုင်း ၁၇

300 28 1
                                    

ကျွန်တော်က ဖုန်းကိုဘဲ အချိန်တိုင်းစိုက်ကြည့်နေတာကြောင့် စောနက ဖုန်းခေါ်တဲ့သူက သူ ထင်ထားသလို Kaoမဟုတ်ဘူးဆိုတာ Soloစပြီးတော့ ရိပ်မိလာတယ် ထင်သည်။ ကျွန်တော်တို့ ဒီအတိုင်း ထိုင်နေကြတာ အချိန်ဘယ်လောက်ထိ ကြာသွားသလဲဆိုတာ ကျွန်တော် မသိ... ကျွန်တော်က ဘာမှ မပြောမိသလို... Soloကလည်း ဘာဆိုဘာမှမပြော... ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြပြီးတော့ စကားစပြောမယ့်အချိန်ကို စောင့်နေလိုက်မိသည်။

'ဗိုက်ဆာနေပြီလား' ကျွန်တော်တို့နှစ်ယောက်ကကြား တိတ်ဆိတ်ငြိမ်သက်မှုတွေနှင့် သက်တောင့်သက်သာမရှိမှုတွေကို ကျွန်တော်ကဘဲ အရင်ဖြိုခွဲလိုက်သည်။

'Guitar...' Soloက ကျွန်တော့်ကို အသနားခံနေတဲ့မျက်ဝန်းတွေနှင့် ကြည့်နေသည်။ သူ့ရဲ့မျက်လုံးတွေက အခြားသူအပေါ်တော့ အေးစက်နေပေမယ့် ကျွန်တော့်အပေါ်တော့ အဲ့လိုမဟုတ်...

'ဖုန်းဆက်တဲ့သူက...' ကျွန်တော် စပြောလိုက်တာနဲ့ Soloကို ကျွန်တော့်ကို ဒေါသထွက်နေတဲ့မျက်လုံးတွေနဲ့ ပြန်ကြည့်လာသည်။ 'သူ့ကို သူငယ်ချင်းလိုဘဲ တွေးမိနေသေးတယ်ဆိုရင် Khun Tanရဲ့အမိန့်ကို မနာခံဘဲ မနေပါနဲ့တဲ့...'

စားပွဲကို ထိုးတော့မယ့်သူ့ရဲ့လက်တွေကို ကျွန်တော် အချိန်မှီဆွဲကိုင်လိုက်သည်။ ဘာလို့လဲဆိုတော့ သူ ဒီလိုလုပ်လိမ့်မယ်ဆိုတာ ကျွန်တော် သိနေတယ်လေ...

'Soက အဆက်အသွယ်မလုပ်ဘူးဆိုရင် Khun Tanကိုယ်တိုင် ဒီကို လာတွေ့လိမ့်မယ်လို့ ပြောတယ်'

'Jay...' Soloက အံကြိတ်လိုက်ပြီးတော့ ကျွန်တော့်လက်ကို ဆုတ်ကိုင်ထားတာကြောင့် ကျွန်တော် နာလာသည်။

'So...' ကျွန်တော်က ပြုံးပြလိုက်ပြီးတော့ သူ့ရဲ့လက်ကို ကျွန်တော် ပြန်ဆုတ်ကိုင်လိုက်သည်။ 'Soအဆင်သင့်ဖြစ်ရင် အစ်ကို့ကို ပြောပြမယ်လို့ ပြောခဲ့တယ်မှတ်လား... အစ်ကိုက အဲ့ဒီစကားကို အလေးထားတယ်'

သူက ကျွန်တော့်ကို မသိစေချင်ဘူးဆိုရင် ကျွန်တော်ကလည်း ဆက်ပြီး သိချင်တော့မှာမဟုတ်... ကျွန်တော့်မှာ သံသယတွေရှိလာခဲ့တယ်ဆိုရင်တောင် ကျွန်တော် မေးမိမှာမဟုတ်...

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Where stories live. Discover now