အပိုင်း ၆

418 42 1
                                    

'...'

ကျွန်တော့်ရဲ့လက်နှစ်ဖက်က ပူနေတယ်လို့ခံစားရတဲ့မျက်နှာကို အုပ်မိုးလိုက်သည်။ ပြီးတော့ သူ့ရဲ့မျက်လုံးတွေကို တစ်ချက်ငေးလိုက်တော့ သူ အိပ်ပျော်နေတာကို မြင်လိုက်ရသည်။ ဒါပေမယ့် သူ့ပုံစံလေးက ကျွန်တော့်ကို လေးနာရီနီးပါးလောက် အိပ်ယာခေါင်းရင်းပေါ်မှီပြီး ထိုင်သွားအောင် လုပ်နိူင်ခဲ့သည်။

စကားလေးတစ်ခွန်းလေးက ကျွန်တော့်အပေါ်မှာ အဲ့လောက်ထိ သက်ရောက်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။

သူက ဒါကို ဒီအတိုင်းလေးသာ ပြောလိုက်ပေမယ့်… ကျွန်တော်က ဘယ်လိုလုပ်အိမ်ကို ပြန်ရတော့မှာလဲ။

ကျွန်တော် ကျွန်တော့်ရဲ့အားနေတဲ့လက်တစ်ဖက်က သူ့ရဲ့ခန့်ညားတဲ့မျက်နှာပိုင်ရှင်ဖြစ်တဲ့ အိပ်နေတဲ့ကောင်လေးပေါ်က ဆံပင်လေးတွေကို အသာလေးသပ်တင်လိုက်သည်။ ပင်ပန်းနေတာတောင် ကလေးတစ်ယောက်နဲ့တူတဲ့ကောင်လေးကို ကြည့်ပြီး ကျွန်တော် အသာလေးပြုံးလိုက်မိသည်။

လွန်ခဲ့တဲ့လေးနာရီလောက်က သူ ကျွန်တော့်ကို ဒီမှာဘဲ အိပ်ဖို့တောင်းဆိုခဲ့တော့ ကျွန်တော် ဘာမှပြန်မဖြေခဲ့ဘူး။ Soloကတော့ သူ့မျက်လုံးတွေ မမှိတ်သွားဖို့ တိုက်ပွဲဝင်နေပြီးတော့ ကျွန်တော့်ကို ထွက်မသွားအောင် ကျွန်တော့်လက်တွေကိုပါ ဆုတ်ကိုင်ထားခဲ့သည်။ သူ့ရဲ့ပင်ပန်းနေတဲ့မျက်နှာကို ကြည့်ပြီးတော့ သူ့ကို မနိူးဖြစ်တော့ဘဲ သူ ဆုတ်ကိုင်ထားတဲ့ ကျွန်တော့်လက်တွေက မရုန်းမိခဲ့... ဒါပေမယ့် ဘယ်သူက ထင်မှာလဲ။ ကျွန်တော်က အိပ်မပျော်ဘဲ ဒီအတိုင်း ထိုင်နေမိမယ်ဆိုတာ...

ကျွန်တော် အိပ်မပျော်သေးဘူး။ အဲ့ဒါကြောင့် တစ်ခုခုလုပ်ဖို့ရှာရမည်။ ရေဝဲတစ်ကောင်လို ကုတ်ကပ်ထားတဲ့ ခွေးပေါက်ကြီးရဲ့လက်ထဲကနေ ကျွန်တော့်လက်ကို အသားလေးဆွဲထုတ်လိုက်ပြီးတော့ အိပ်ယာပေါ်ကနေ ဖြည်းဖြည်းလေး ထွက်သွားလိုက်သည်။

Soloရဲ့အခန်းကို သေချာစေ့စေ့စပ်စပ် ကြည့်လိုက်ပြီးတဲ့အချိန်မှာ သိလိုက်ရတာက သူ့ရဲ့အခန်းသည် ပုံမှန်အိမ်တစ်အိမ်ထက်တောင် အသုံးအဆောင်တွေက ပိုပြီး ပြီးပြည့်စုံနေသည်။ အခန်းလေးရဲ့ထောင့်နားလေးမှာ သက်တောင့်သက်သာနဲ့ ဂစ်တာထိုင်တီးလို့ရမယ့်နေရာလေးတောင် ရှိသေးသည်။ ဂစ်တာရဲ့ဆက်စပ်ပစ္စည်းများ ထားထားတဲ့နေရာတစ်ခုလည်း ရှိသည်။ ပြီးတော့ အဲ့မှာ ဂစ်တာသုံးလက်လည်း ရှိသည်။ ရိုးရိုးသာမန် Acousticဂစ်တာနှစ်လုံးနှင့် Electric ဂစ်တာတစ်လုံး... ဈေးကလည်း ကျွန်တော့်တစ်ဘဝလုံး အလုပ်လုပ်ရင်နေရင်တောင်မှ ဝယ်လို့ရမယ်မထင်မိ…

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Where stories live. Discover now