အပိုင်း ၃၁

217 17 0
                                    

မခံမရပ်နိူင်အောင် နာကျင်နေတဲ့ခေါင်းကိုက်ဝေဒနာနဲ့အတူ ကျွန်တော် နိူးလာခဲ့သည်။ နဖူးပေါ်က အအေးဓာတ်က နာကျင်မှုကို သက်သာလာအောင် လုပ်ပေးနိူင်ပေမယ့် အများကြီးတော့ အကူအညီမဖြစ်ပါ။ ကျွန်တော် မျက်တောင်ကို အကြိမ်ကြိမ်ခတ်ပြီး သတိဝင်လာတော့မှ ကျွန်တော့်နှဖူးပေါ်မှာ ရှိနေတဲ့အရာက အဖျားကျအောင်လုပ်တဲ့ Cool Gel Padဖြစ်နေမှန်း သိလိုက်ရသည်။

ဘေးဘယ်ညာကြည့်လိုက်တဲ့အခါမှာ အခု ကျွန်တော် ရောက်နေတဲ့အခန်းက ကျယ်ဝန်းတဲ့အခန်းတစ်ခန်း… ကြည့်ရတာ ဟိုတယ်အခန်းထဲ ရောက်နေတာဖြစ်နိူင်သည်။ ဒါပေမယ့် ကျွန်တော် တည်းတဲ့အခန်းတော့မဟုတ်…

အခန်းထဲမှာ ဘာမှရှိမနေတဲ့လေထုကြောင့် အကြောင်းပြချက်မရှိပါနဲ့ တစ်ကိုယ်လုံးအေးတက်လာသည်။ ကျွန်တော် ထဖို့ ကြိုးစားလိုက်ပေမယ့် ခန္ဓာကိုယ်က ယိမ်းယိုင်နေသည်။ ထိုးကိုက်လာတဲ့ခေါင်းကိုက်ဝေဒနာကို တောင့်ခံထားဖို့အတွက် အံကိုကြိတ်ပြီး မျက်လုံးတွေကို မှိတ်ထားမိသည်။ ပြီးတဲ့အခါမှာ အိပ်ယာပေါ်ကနေ ထဖို့ကြိုးစားလိုက်ပြီး အခန်းပတ်လည်ကို ကြည့်လိုက်တော့ ကျယ်ဝန်းတဲ့ဧည့်ခန်းတစ်ခုကို ကျွန်တော် တွေ့လိုက်ရသည်။ အဲ့နေရာကနေပြီးတော့ ဟိုတယ်ရဲ့လိုဂိုကို မြင်နေရတာကြောင့် ဒီဟိုတယ်က ကျွန်တော် တည်းတဲ့ဟိုတယ်နဲ့အတူတူဘဲဆိုတာကို သိလိုက်ရသည်။ ကျွန်တော် ရေချိုးခန်း၊ လသာဆောင်တွေဆီသွားပြီး ကြည့်လိုက်ပေမယ့် ကျွန်တော် ရှာနေတဲ့လူရဲ့အရိပ်တောင် မတွေ့ရပေ…

ကျွန်တော့်စိတ်ထဲ တဖြည်းဖြည်းတုန်လှုပ်လာသည်။ ကျွန်တော် ငိုလိုက်ချင်ပေမယ့်လည်း မငိုနိူင်… ကျွန်တော့်မျက်ရည်တွေက မနေ့ကတည်းက ခမ်းခြောက်ကုန်ပြီ။ ကျွန်တော် အော်လိုက်ချင်ပေမယ့် ကျွန်တော့်လည်ချောင်းက ခြောက်သွေ့နေတာကြောင့် ဘာအသံမှ ထွက်မလာ… ကျွန်တော့်ရဲ့နှလုံးခုန်နှုန်းက ပိုမိုအားပြင်းစွာ မြန်ဆန်လာတာကြောင့် ကျွန်တော့်ရဲ့အားအင်တွေ ဆုတ်ယုတ်ကုန်သည်။

So…

မင်းဘယ်ရောက်နေတာလဲ…

ကျွန်တော် မေးနေတဲ့မေးခွန်းကို အဖြေပြန်ပေးလိုက်သလိုမျိုး ကျွန်တော် ရှာနေတဲ့ကောင်လေးက သူ့ရဲ့လက်ထဲမှာ ဗန်းကို ကိုင်ထားပြီး တံခါးဖွင့်လာပြီးတော့ ကျွန်တော်တို့ အကြည့်ချင်းဆုံသွားတဲ့အချိန်မှာ သူ့ရဲ့တည်ငြိမ်နေတဲ့မျက်နှာက လန့်သွားသည်။ တစ်စက္ကန့်လောက်တောင် မကြာလိုက်ပါဘဲနဲ့ သူ့လက်ထဲက ဗန်းကို အမြန်ချလိုက်ပြီး ကျွန်တော့်ဆီ လျောက်လာကာ ကျွန်တော့်ကို ဘေးကနေ ကူတွဲပေးလာသည်။

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Where stories live. Discover now